လာမယ့်ဩဂုတ်လထဲမှာ ရိုက်ကူးရေးစတင်တော့မယ့် Lee Junho နဲ့ Im Yoona တို့ရဲ့ “King The Land” ဇာတ်လမ်းတွဲ

ကိုရီးယားဒရမ်မာကြိုက်ပရိသတ်တွေသာမကပဲ K-pop ပရိသတ်တွေပါ မျှော်လင့်စောင့်စားနေကြတဲ့ ဇာတ်လမ်းတွဲတစ်ခုကတော့ 2PM အဖွဲ့ဝင် Lee Junho နဲ့ Girls’ Generation အဖွဲ့ဝင် Yoona တို့ အဓိကဇာတ်ဆောင်တွေအဖြစ်ပါဝင်သရုပ်ဆောင်ကြမယ့် “King The Land” ပဲဖြစ်ပါတယ်။

လတ်တလောထွက်ရှိလာတဲ့သတင်းတွေအရဆိုရင်တော့ အဆိုပါဇာတ်လမ်းတွဲကို အခုလာမယ့် ဩဂုတ်လ ၂၉ ရက်နေ့မှာ စတင်ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရိုက်ကူးရေးပြီးစီးမယ့်အချိန်ကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် နှစ်အစပိုင်းလောက်မှာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပြီး ဒီဇာတ်လမ်းတွဲကို JTBC ကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဇာတ်လမ်းပုံစံကတော့ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ King Group ရဲ့ အမွေဆက်ခံသူ Gu Won နဲ့ King Hotel မှာ ဝင်ရောက်အလုပ်လုပ်ကိုင်မယ့် ဝန်ထမ်းမလေး Cheon Sa Rang တို့အကြောင်းကို ပုံဖော်ရိုက်ကူးမယ့် စိတ်ကူးယဉ်အချစ်ဒရမ်မာဇာတ်လမ်းတွဲပုံစံမျိုးဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Lee Junho ဟာ အဆိုပါဇာတ်လမ်းတွဲရိုက်ကူးရေးအတွက် ပြင်ဆင်လျက်ရှိနေပါတယ်။ Yoona ကတော့ လတ်တလောမှာ 2 O’CLOCK Date ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးလျက်ရှိနေပြီး လာမယ့် ဩဂုတ်လထဲမှာဆိုရင် “King The Land” ဇာတ်လမ်းတွဲရိုက်ကူးရေးသာမက Girls’ Generation ရဲ့ Comeback လည်းရှိနေပါသေးတယ်။

Source : Naver
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x