ထိုင်း Channel 3 ရဲ့ တန်ကြေးအမြင့်ဆုံး မင်းသားချောများ

ထိုင်း Channel 3 ရဲ့ တန်ကြေးအမြင့်ဆုံး မင်းသားချောများ

ယနေ့ခေတ် ထိုင်းဖျော်ဖြေရေးကဏ္ဍဟာလည်း ပြည်တွင်း၊ ပြည်ပ ပရိသတ်လက်ခံမှုရရှိထားတဲ့ ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်များရဲ့ အရည်အသွေးအရ သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ဒါကြောင့် ၂၀၂၂ ခုနှစ်ရဲ့ တန်ကြေးအမြင့်ဆုံး Channel 3 ရဲ့ အမျိုးသားသရုပ်ဆောင် ၅ ယောက်ကို သူတို့ရဲ့ အနုပညာကြေးတွေနဲ့အတူ စာရင်းပြုစုပြီး ဖော်ပြပေးလိုက်ရပါတယ်။

1. Nadech Kugimiya

Nadech ဟာ ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ မင်းသားတစ်ယောက်ဖြစ်သလို Thai Channel 3 ရဲ့ အကောင်းဆုံးမင်းသားလည်းဆိုတာ အားလုံးသိကြမှာပါ။ နာမည်ကြီး ဒရာမာဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံတကာနဲ့ ထိုင်းနိုင်ငံရဲ့ brand များစွာကို ကိုယ်စားပြုထားပါတယ်။ သူ့ရဲ့အနုပညာကြေးတွေကတော့ –

• $ 5,500 / episode
• $ 410,000 / commercial
• $ 9,500- $ 10,000 / event or program

2. James Jirayu

မင်းသားချော Jj ကတော့ သူ့ရဲ့ချောမွေ့တဲ့ မျက်နှာလေးနဲ့အတူ အရမ်းချစ်စရာကောင်းပြီး ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေ အများကြီးကို ပိုင်ဆိုင်ထားပါတယ်။ Thai Channel 3 ရဲ့ အကောင်းဆုံး မင်းသားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာကြေးတွေကတော့ –

• $ 2,800 / episode
• $ 410,000 / commercial
• $ 8,200 / event or event

3. Mario Maurer

Mario ဟာ အာရှနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားတဲ့ မင်းသားတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ကျော်ကြားမှုအရ Mario ဟာ Thai Channel 3 မှာ ထူးချွန်တဲ့ မင်းသားတစ်ယောက် ဖြစ်ရုံသာမက သူ့ကိုချစ်ခင်ကြတဲ့ ပရိသတ်တွေ အများကြီးရှိပါတယ်။ သူ့ရဲ့အနုပညာကြေးတွေကတော့ –

• $ 2,800 / episode
• $ 280,000 / commercial
• $ 5,500-8,200 / events or programs

4. Boy Pakorn

Boy Pakorn ဟာလည်း သူ့ရဲ့သရုပ်ဆောင် အတွေ့အကြုံတွေနဲ့ အရည်အချင်းတွေကြောင့် ထိပ်တန်းမင်းသားတစ်လက်ဖြစ်နေတဲ့ Channel 3 က တန်ကြေးမြင့် မင်းသားတစ်ယောက်ပါ။ သူ့ရဲ့အနုပညာကြေးတွေကတော့ –

• $ 2,500 / episode
• $ 250,000 / commercial
• $ 5,500 / event or event

5. Mark Prin

P’Mark ကလည်း ပရိသတ်တွေချစ်ခင်ကြတဲ့ အရည်အချင်းရှိ မင်းသားတစ်လက်ဖြစ်သလို သူ့ရဲ့နှစ်လိုဖွယ် အသွင်အပြင်နဲ့ ထိုင်း Channel 3 က အကောင်းဆုံး မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာကြေးတွေကတော့ –

• $ 1,900 / episode
• $ 220,000 / commercial
• $ 4,100- $ 5,500 / event or program

Leave a Reply

Your email address will not be published.