ယနေ့ချိန်ထိတိုင် လှပနုပျိုနေဆဲဖြစ်ကြတဲ့ K-Drama လောကရဲ့ ဘုရင်မများ

ယနေ့ချိန်ထိတိုင် လှပနုပျိုနေဆဲဖြစ်ကြတဲ့ K-Drama လောကရဲ့ ဘုရင်မများ

အောက်ဖော်ပြပါ တောင်ကိုးရီးယား မင်းသမီး ၅ ယောက်ဟာ အာရှမှာ အကျော်ကြားဆုံး K-Drama ဘုရင်မတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။မကြာသေးမီက netizens တို့ဟာ ယနေ့အချိန်ထိ Kbiz ရဲ့ ထိပ်တန်းအလှဘုရင်မအဖြစ် သတ်မှတ်ခံထားရတဲ့ မင်းသမီးအမည်များကို ရှာဖွေခဲ့ကြတာပါ။

ရလဒ်အနေနဲ့ ဖော်ပြသွားမယ့် မင်းသမီးချောတွေရဲ့ အလှတရားကို စံပြအလှတရားအဖြစ် တညီတညွတ်ထဲ သတ်မှတ်ထားကြသလို ချောမောလှပရုံတင်မကဘဲ သရုပ်ဆောင်ပိုင်းကလည်း ထူးချွန်ပြောင်မြောက်နေခဲ့ပါတယ်။ ဒါကြောင့် K-Drama လောကရဲ့ ထိပ်တန်းမင်းသမီးချော ဘုရင်မတွေကို အခုလိုဖော်ပြပေးလိုက်ရပါတယ်။

Son Ye Jin

ဖျော်ဖြေရေးလောကရဲ့ အထင်ကရ မင်းသမီးတစ်လက်ဖြစ်သူ Son Ye Jin ကတော့ သူမရဲ့ လှပပြီး ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်တို့ဖြင့် ဆွဲဆောင်မှုရှိသလို အပြစ်ကင်းစင်တဲ့ visual မျိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ယနေ့ချိန်ထိလည်း “Crash Landing On You” က မင်းသမီးဟာ လုပ်ငန်းနယ်ပယ်တွင် ထိပ်တန်း၊ တန်ကြေးမြင့် မင်းသမီးအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။

Kim Tae Hee

နာမည်ကြီး ကိုရီးယား အလှမယ်တွေနဲ့ ပတ်သက်လာရင်တော့ မင်းသမီစ Kim Tae Hee ဟာ လူတော်တော်များများရဲ့ ပထမဆုံး နာမည် ဖြစ်လာပါလိမ့်မယ်။ Kim Tae Hee ဟာ သူမရဲ့ visual ကြောင့် “နိုင်ငံ့ အမျိုးသားရတနာအဖြစ်” လည်း သတ်မှတ်ခံထားရသလို နာမည်ကျော် ဆိုးလ်တက္ကသိုလ်မှ ဘွဲ့ရရှိထားတဲ့ မင်းသမီးဟာ အလှအပနှင့် ဦးနှောက် နှစ်မျိုးလုံး ထူးချွန်ပြည့်စုံနေတာကြောင့် ချီးကျူးခံထားရသူပါ။

Jeon Ji Hyun

မင်းသမီး Jeon Ji Hyun ဟာလည်း ပွဲဦးထွက်ကတည်းက သူမရဲ့ ထူးခြားလှပတဲ့ visual ကြောင့် ပရိသတ်တွေကို အမှတ်ရစေခဲ့သူပါ။ သူမရဲ့ model အသွင်အပြင်၊ ရှည်လျား တောက်ပြောင်တဲ့ ဆံနွယ်များနဲ့အတူ မင်းသမီးဟာ ကိုရီးယားနိုင်ငံရဲ့ တစ်သက်သာ ထိပ်တန်း အလှတရားတစ်ခုအဖြစ် သတ်မှတ်ခံထားရသူပါ။

Kim Hee Sun

၁၉၇၇ ဖွား မင်းသမီးချော Kim Hee Sun အသက် ၁၅ နှစ်ကတည်းက ဆယ်ကျော်သက် မဂ္ဂဇင်းများအတွက် မော်ဒယ်လ်လုပ်နေရင်း သူမရဲ့ ပြီးပြည့်စုံတဲ့ အလှတရကို သတိထားမိခဲ့ကြပါတယ်။ ထို့နောက်မှာလည်း Kim Hee Sun ဟာ နာမည်ကြီး ဒါရိုက်တာ အသီးသီးရဲ့ လက်ရာများစွာမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံရပြီး ၁၉၉၀ ခုနှစ် နှောင်းပိုင်းတွေမှာ ကိုရီးယား အချစ်ဇာတ်ကားတွေ ခေတ်စားခဲ့ရတဲ့ အဓိက အချက်ဖြစ်ခဲ့သူပါ။

Go So Young

မင်းသမီးချော Go So Young ကလည်း တစ်ချိန်က ကိုရီးယားဖျော်ဖြေရေးနယ်ပယ်မှာ ကျော်ကြားခဲ့ပြီး သူအရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကြောင့် ပြည်သူ့အချစ်တော် မင်းသမီးဖြစ်ခဲ့သလို ဖျော်ဖြေရေးနယ်ပယ်မှာလည်း နှစ်လိုဖွယ်အရှိဆုံး အလှမယ်များ စာရင်းမှာလည်း အကြိမ်ကြိမ် ပါဝင်ထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.