မျက်လုံးဒဏ်ရာ ပျောက်ကင်းတာနဲ့ ချက်ချင်း ရိုက်ကူးရေးပြန်လုပ်ခဲ့တဲ့ Yang Mi

မျက်လုံးဒဏ်ရာ ပျောက်ကင်းတာနဲ့ ချက်ချင်း ရိုက်ကူးရေးပြန်လုပ်ခဲ့တဲ့ Yang Mi

ထိပ်တန်းမင်းသမီး Yang Mi ဟာ သူ့ရဲ့နန်းတွင်းဇာတ်လမ်းတွဲသစ် “Fox Spirit Matchmaker: Yue Hong” ကို ရိုက်ကူးနေခဲ့ပြီဖြစ်ပြီး ဇာတ်လမ်းတွဲရဲ့ ဓာတ်ပုံတွေထဲမှာ မင်းသမီးရဲ့ အလှတရားက ကျက်သရေရှိလွန်းနေခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာ Yang Mi က ဖျော်ဖြေရေး အစီအစဉ်တစ်ခု ရိုက်ကူးနေရင်း မျက်လုံးကို ထိခိုက်ခဲ့တာကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ချုပ်လိုက်ရတယ်လို့ Yang Mi ရဲ့ စတူဒီယိုနဲ့ ဖခင်က အတည်ပြုသွားခဲ့တာပါ။

ဒီသတင်း ကြားပြီးနောက်မှာတော့ ပရိသတ်တွေကလည်း ထိတ်လန့်စိုးရိမ်ခဲ့ကြပြီး သူမရဲ့ အနုပညာအလုပ်တွေကို ထိခိုက်စေနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်နေလို့ ပရိသတ်တွေက သူမရဲ့မျက်လုံးဒဏ်ရာကို အရမ်းစိုးရိမ်ခဲ့ကြပါတယ်။

အထူးသဖြင့် Yang Mi ဟာ တရုတ်နိုင်ငံရဲ့ A-list မင်းသမီးတစ်ဦးဖြစ်တာနဲ့အညီ သူမရဲ့မျက်နှာ အလှတရားနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက အလွန်အရေးပါလို့နေတာပါ။

ဒါပေမယ့်လည်း ဒဏ်ရာကနေ ခဏတာ သက်သာလာပြီးနောက်မှာတော့ မင်းသမီးဟာ ဇာတ်လမ်းတွဲသစ် ရိုက်ကူးရေးကို ပြန်လည်ပူးပေါင်းသွားခဲ့ပြီး သူမရဲ့ မျက်လုံးတွေက ပုံမှန်အတိုင်း လှပလို့နေခဲ့တာကို ပရိသတ်တွေက မြင်တွေ့ခဲ့ကြရပါတယ်။

Yang Mi ရဲ့ မျက်နှာ အလှဟာ စူးရှထက်မြက်တဲ့ နှာတံနဲ့ မျက်လုံးဝိုင်းဝိုင်းတွေက ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပရိသတ်တွေက Yang Mi သက်သာလာတာကို မြင်တွေ့ရပြီးကာမှ စိတ်သက်သာရာရခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published.