အသက် ၁၀ နှစ်ကျော် ငယ်ရွယ်တဲ့ မောင်လေးတွေနဲ့ပဲ တွဲဖက်ထားရတဲ့ Song Hye Kyo

အသက် ၁၀ နှစ်ကျော် ငယ်ရွယ်တဲ့ မောင်လေးတွေနဲ့ပဲ တွဲဖက်ထားရတဲ့ Song Hye Kyo

အသက် ၄၀ အရွယ် ထိပ်တန်းမင်းသမီးချောဖြစ်တဲ့ Song Hye Kyo ဟာ ယနေ့ချိန်ထိတိုင် နောက်ဆုံးထွက် Drama တွေမှတစ်တင့် သူမရဲ့ ကျော်ကြားမှု အရှိန်အဝါတွေကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ပရိသတ်တွေနဲ့လည်း ရင်းနှီးနေဆဲပါ။

ဒါ့အပြင် ထူးခြားချက်အနေနဲ့ Song Hye Kyo ရဲ့ နောက်ဆုံးထွက် Drama တွေကို ကြည့်မယ်ဆိုရင် သူမထက် အသက် ၁၀ နှစ်ကျော် ငယ်ရွယ်တဲ့ မင်းသားချောလေးတွေနဲ့ တွဲဖက်ထားခဲ့ရတာပါပဲ။

ပရိသတ်တွေအဖို့ “မနဲ့မောင် အချစ်” ရသကို အပြည့်အဝ ပုံဖော်ပေးထားနိုင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ထွက် “Now, We are Breaking Up” drama မှာ ပါဝင်သရုပ်ဆောင်ဖို့ မင်းသမီးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ Drama မှာ သူမရဲ့တွဲဖက်မင်သားကတော့ အသက် ၁၁ နှစ် ငယ်တဲ့ မင်းသားချော Jang Ki Yong ပါ။

ဒီ drama မှာ နှစ်ယောက်စလုံးရဲ့ ဇာတ်ဆောင်တွေက တကယ်ကို လှပပြီး လိုက်ဖက်ညီခဲ့တာကြောင့် ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး ဒီဇာတ်လမ်းရဲ့ ဇာတ်ကွက်တစ်ခုစီမှာလည်း ဇာတ်လမ်းနဲ့ မတူတဲ့ ခံစားချက်တွေ အစုံအလင်ကိုလည်း မင်းသမီး Song Hye Kyo က ပုံဖော်နိုင်ခဲ့ပါတယ်။

ဒါတင်မကသေးပဲ အခု ၂၀၂၂ ခုနှစ်မှာလည်း မင်းသမီးက သူမထက် ၁၄ နှစ် ငယ်ရွယ်နေတဲ့ မင်းသားချော Lee Do Hyun နဲ့ အတူ Netflix ရဲ့ “The Glory” drama အသစ်မှာလည်း ဆက်လက်ပါဝင်သွားမယ်လို့ အတည်ပြုထားခဲ့ပါပြီ။

ဒီဇာတ်လမ်းဟာ ကျောင်းတက်နေစဉ် အနိုင်ကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ သနားစရာကောင်းသော ဘဝနဲ့  လက်စားချေခြင်း အကြောင်းအရာတွေကို အခြေပြုထားတာပါ။

“The Glory” ရဲ့ ထွက်ရှိလာမယ့်နေ့ကို အတည်မပြုရသေးပေမယ့် မင်းသမီး Song Hye Kyo ရဲ့ ၂ နှစ်ဆက်တိုက် မနဲ့မောင် တွဲဖက်မှုကိုတော့ ပရိသတ်တွေက စိတ်ဝင်တစား မျှော်လင့်လို့နေကြပါပြီ။

Leave a Reply

Your email address will not be published.