မကြာခင်အချိန်အတွင်း စစ်မှုထမ်းတာဝန်စတင်ရတော့မှာဖြစ်တာကြောင့် ကမ်းလှမ်းလာသမျှ အနုပညာအလုပ်တွေကို စိစစ်ရွေးချယ်နေရတဲ့ Kang Tae Oh

လက်ရှိထုတ်လွှင့်ပြသနေလျက်ရှိတဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲထဲမှ ခေါင်းဆောင်မင်းသားမင်းသားဖြစ်သူ Kang Tae Oh ဟာဆိုရင် အဆိုပါဇာတ်လမ်းတွဲနဲ့အောင်မြင်လူကြိုက်များလာခဲ့ပြီးနောက်ပိုင်းမှာ ဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ဖို့အတွက် လတ်တလောကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

ဒီသတင်းအကြောင်းကို Kang Tae Oh ရဲ့ အေဂျင်စီဖြစ်တဲ့ Man of Creation ကနေ အတည်ပြုထုတ်ပြန်ပေးထားတာဖြစ်ပြီး ကမ်းလှမ်းထားတဲ့အထဲမှာဆိုရင် ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေသာမကပဲ တီဗွီအစီအစဉ်တွေ၊ ရေဒီယိုအစီအစဉ်တွေနဲ့ ကြော်ငြာတွေလည်းပါဝင်ကာ လက်ရှိအချိန်မှာတော့ Kang Tae Oh က ယင်းကမ်းလှမ်းခံထားရတဲ့ ဇာတ်ညွှန်းတွေကို ဖတ်ရှုရွေးချယ်နေလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီလိုမျိုးရွေးချယ်ရာမှာဆိုရင် ပုံမှန်ထက်ပိုမိုသတိထားရွေးချယ်နေရပြီး အကြောင်းအရင်းကတော့ Kang Tae Oh ရဲ့စစ်မှုထမ်းတာဝန်က မကြာခင်လပိုင်းအတွင်းမှာစတင်ရတော့ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။

`

Kang Tae Oh ဟာဆိုရင် ၁၉၉၄ ခုနှစ်မှာ မွေးဖွားလာခဲ့သူဖြစ်ပြီး နောက်နှစ်ဆိုရင် ကိုရီးယားလူမျိုးတွေရဲ့ အသက်တွက်ချက်မှုပုံစံအရ အသက် ၃၀ ပြည့်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ မကြာခင်အချိန်အတွင်းမှာ စစ်မှုထမ်းတာဝန်ကိုထမ်းဆောင်ရတော့ဖြစ်ပြီး စတင်စစ်မှုထမ်းရမယ့် ရက်အတိအကျကိုလည်းသိရှိနေရပြီလို့ ဆိုပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x