အေဂျင်စီ (၇) ခုရဲ့ ရွေးချယ်ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့ဖူးတဲ့ BTS အဖွဲ့ဝင် Jungkook

အေဂျင်စီ (၇) ခုရဲ့ စတင်ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့ဖူးတဲ့ BTS အဖွဲ့ဝင် Jungkook

ကမ္ဘာကျော်ထိပ်တန်း Idol တစ်ယောက်ဖြစ်တဲ့ BTS အဖွဲ့ဝင် Jung kook ဟာဆိုရင် စတင်ပွဲမထွက်ခင်အချိန် ၂၀၁၁ ခုနှစ်တုန်းက Supers` ရဲ့ Season 3 မှာ ပါဝင်ဖို့အတွက် လူရွေးချယ်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

အဆိုပါလူရွေးချယ်ပွဲမှာ သူ့အနေနဲ့ ကျရှုံးခဲ့တယ်ဆိုပေမယ့်လည်း အဲဒီနောက်မှာတော့ သူ့ရဲ့အရည်အချင်းတွေနဲ့ ရုပ်ရည်အသွင်အပြင်တို့ကြောင့် အေဂျင်စီ (၇) ခုဘက်ကနေ စာချုပ်ချုပ်ဆိုလက်တွဲဖို့အတွက် စတင်ကမ်းလှမ်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအေဂျင်စီတွေကတော့ JYP Entertainment, FNC Entertainment, Woollim Entertainment, Starship Entertainment, TS Entertainment, Cube Entertainment နဲ့ Big Hit Entertainment တို့ဖြစ်ကြပြီး Jungkook ကတော့ ဒီလိုမျိုးအေဂျင်စီတွေထဲကမှ အသေးဆုံးအေဂျင်စီလေးဖြစ်တဲ့ Big Hit Entertainment ကိုရွေးချယ်ခဲ့ပါတယ်။

Jungkook အနေနဲ့ Big Hit Entertainment ကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ RM ကြောင့်ဖြစ်တယ်လို့သိရပြီး အဲဒီအချိန်ကတည်းက သူ့ရဲ့အမြင်မှာ RM က အရည်အချင်းရှိပြီးတော်တဲ့ပုံစံမျိုးဖြစ်တယ်လို့ဆိုပါတယ်။

တကယ်လို့များ Jungkook တစ်ယောက် အဲဒီအချိန်တုန်းက တခြားကုမ္ပဏီတစ်ခုကိုသာရွေးချယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီနေ့အချိန်မှာ ကမ္ဘာနဲ့အဝှမ်းလူကြိုက်များနေတဲ့ BTS အဖွဲ့ဝင် Jungkook ဆိုတာရှိလာနိုင်မှာမဟုတ်ပါဘူးနော်။ BTS ရဲ့အမာခံပရိသတ်တွေဖြစ်ကြတဲ့ ARMY တွေကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Jungkook အနေနဲ့ Big Hit ကို ရွေးချယ်ခဲ့တာက ဆန်းကြယ်တဲ့ကံကြမ္မာတစ်ခုဖြစ်သလို ဒီလိုရွေးချယ်ပေးခဲ့တဲ့အတွက်လည်း‌ ကျေးဇူးတင်ကြောင်းဆိုကာ မှတ်ချက်မျိုးစုံရေးသားထားကြတာကို တွေ့ရပါတယ်။

Ref : Koreaboo
Nemo

အေဂျင်စီ (၇) ခုရဲ့ စတင်ကမ်းလှမ်းမှုတွေကို လက်ခံရရှိခဲ့ဖူးတဲ့ BTS အဖွဲ့ဝင် Jungkook

ကမ္ဘာကျော်ထိပ်တန်း Idol တစ်ယောက်ဖြစ်တဲ့ BTS အဖွဲ့ဝင် Jung kook ဟာဆိုရင် စတင်ပွဲမထွက်ခင်အချိန် ၂၀၁၁ ခုနှစ်တုန်းက Superstar K ရဲ့ Season 3 မှာ ပါဝင်ဖို့အတွက် လူရွေးချယ်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

အဆိုပါလူရွေးချယ်ပွဲမှာ သူ့အနေနဲ့ ကျရှုံးခဲ့တယ်ဆိုပေမယ့်လည်း အဲဒီနောက်မှာတော့ သူ့ရဲ့အရည်အချင်းတွေနဲ့ ရုပ်ရည်အသွင်အပြင်တို့ကြောင့် အေဂျင်စီ (၇) ခုဘက်ကနေ စာချုပ်ချုပ်ဆိုလက်တွဲဖို့အတွက် စတင်ကမ်းလှမ်းခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီအေဂျင်စီတွေကတော့ JYP Entertainment, FNC Entertainment, Woollim Entertainment, Starship Entertainment, TS Entertainment, Cube Entertainment နဲ့ Big Hit Entertainment တို့ဖြစ်ကြပြီး Jungkook ကတော့ ဒီလိုမျိုးအေဂျင်စီတွေထဲကမှ အသေးဆုံးအေဂျင်စီလေးဖြစ်တဲ့ Big Hit Entertainment ကိုရွေးချယ်ခဲ့ပါတယ်။

Jungkook အနေနဲ့ Big Hit Entertainment ကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ RM ကြောင့်ဖြစ်တယ်လို့သိရပြီး အဲဒီအချိန်ကတည်းက သူ့ရဲ့အမြင်မှာ RM က အရည်အချင်းရှိပြီးတော်တဲ့ပုံစံမျိုးဖြစ်တယ်လို့ဆိုပါတယ်။

တကယ်လို့များ Jungkook တစ်ယောက် အဲဒီအချိန်တုန်းက တခြားကုမ္ပဏီတစ်ခုကိုသာရွေးချယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီနေ့အချိန်မှာ ကမ္ဘာနဲ့အဝှမ်းလူကြိုက်များနေတဲ့ BTS အဖွဲ့ဝင် Jungkook ဆိုတာရှိလာနိုင်မှာမဟုတ်ပါဘူးနော်။ BTS ရဲ့အမာခံပရိသတ်တွေဖြစ်ကြတဲ့ ARMY တွေကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Jungkook အနေနဲ့ Big Hit ကို ရွေးချယ်ခဲ့တာက ဆန်းကြယ်တဲ့ကံကြမ္မာတစ်ခုဖြစ်သလို ဒီလိုရွေးချယ်ပေးခဲ့တဲ့အတွက်လည်း‌ ကျေးဇူးတင်ကြောင်းဆိုကာ မှတ်ချက်မျိုးစုံရေးသားထားကြတာကို တွေ့ရပါတယ်။

Ref : Koreaboo
Nemo

Leave a Reply

Your email address will not be published. Required fields are marked *