ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာမွေးဖွားပိုင်ဆိုင်နိုင်ခဲ့ကြပြီဖြစ်တဲ့ 2PM အဖွဲ့ဝင် Chansung တို့ဇနီးမောင်နှံ

ဒီနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာထွက်ရှိလာတဲ့သတင်းတွေအရ အဆိုတော် Idol အဖြစ်နဲ့သာမက သရုပ်ဆောင်အဖြစ်နဲ့ပါ ရပ်တည်လှုပ်ရှားနေတဲ့ 2PM အဖွဲ့ဝင် Chansung ဟာ အခုဆိုရင်တော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီးလေးကို အောင်မြင်စွာပိုင်ဆိုင်ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းအကြောင်းကို Chansung ရဲ့အေဂျင်စီဖြစ်တဲ့ L’July Entertainment ဘက်ကနေ အတည်ပြုထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး ယင်းထုတ်ပြန်ချက်ထဲမှာတော့ မိခင်ရော၊ ကလေးပါ ကျန်းမာစွာရှိနေတယ်လို့ ကြေညာထားတာကိုတွေ့ရပါတယ်။
Chansung ဟာဆိုရင် သူ့ထက် အသက် ၈ နှစ်ကြီးတဲ့ ချစ်သူမိန်းကလေးနဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာတော့ သူ အိမ်ထောင်ပြုလိုက်ပြီဆိုတဲ့သတင်းနဲ့အတူ ဇနီးဖြစ်သူဆီမှာ ရင်သွေးလေးလွယ်ထားရပြီဆိုတာကိုပါ တစ်ပါတည်းအသိပေးကြေညာခဲ့တာဖြစ်ပါတယ်။
Ref : Soompi
Nemo