TWICE အဖွဲ့ဝင် Jihyo နဲ့အတူ ဂျယ်ဂျူကျွန်းကို ခရီးထွက်ခဲ့တဲ့ မင်းသမီး Kim Sejeong

ပရိသတ်ချစ် မင်းသမီးချောလေး Kim Sejeong ဟာ TWICE အဖွဲ့ခေါင်းဆောင် Jihyo နဲ့ သူငယ်ချင်းကောင်းတွေဖြစ်လို့နေကြပါတယ်။
မကြာသေးမီကပဲ နှစ်ယောက်သားဟာ ဂျယ်ဂျူကျွန်းကို အတူတူ ခရီးထွက်ခဲ့ပြီး ပျော်ရွှင်စရာအချိန်တွေကို အတူတူ ကုန်ဆုံးခဲ့ကြပါတယ်။ အဲ့ဒီခရီးစဥ်လေးနဲ့ပတ်သက်ပြီးတော့လည်း မင်းသမီးက အခုလို ပြောပြသွားခဲ့ပါတယ်။
Kim Sejeong က “ကျွန်မ Jihyo နဲ့ ဂျယ်ဂျူကို ခရီးထွက်ခဲ့တာက အခုလတ်တလော ခရီးစဉ်တွေ အားလုံးထဲမှာ အကောင်းမွန်ဆုံး ခရီးစဉ်တစ်ခုပါပဲ။ အချိန်ရရင် သူနဲ့ အတူ ခရီးထပ်သွားချင်ပါသေးတယ်” လို့ Kim Se Jung က ဆိုပါတယ်။
Kim Sejeong က ဆက်လက်ပြီး “ကျွန်မတို့သွားတုန်းက ကျွန်မတို့နှစ်ယောက်ကို အမွှာတွေလားလို့ ခဏခဏ မေးကြတယ်။ နောက်ပြီး ကော်ဖီဆိုင်ပိုင်ရှင် တစ်ယောက်က ‘မင်းက Kim Sejeong နဲ့ တော်တော်တူတယ်’ လို့ ပြောသေးတယ်။ ဟုတ်တယ်လို့ ပြောပြတာတောင် မယုံဘူး။”
“ကျွန်မ တကယ် Kim Sejeong ပါ၊ ဒီအဖြစ်အပျက်ရဲ့ video ကို တင်လိုက်တဲ့အခါ သိပါလိမ့်မယ်လို့ ပြန်ပြောလိုက်မှ ယုံသွားတယ်” လို့ သူမရဲ့ ခရီးစဥ် အတွေ့အကြုံလေးကို ပြောပြလို့သွားခဲ့ပါတယ်။
Kim Sejeong ဟာ SBS ရဲ့ ဒရာမာအသစ် ‘Today’s Webtoon’ မှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဒရာမလေးကိုလည်း ဇူလိုင် ၂၉ ရက်၊ ည ၁၀ နာရီ KST မှာ ပြသသွားမှာဖြစ်ပါတယ်။