ဇနီးသည်အကြောင်း ဂရုတစိုက် မေးလာတဲ့ သတင်းထောက်ကို ဂါရဝပြုကျေးဇူးတင်ခဲ့တဲ့ Hyun Bin

ဇနီးသည်အကြောင်း ဂရုတစိုက် မေးလာတဲ့ သတင်းထောက်ကို ဂါရဝပြုကျေးဇူးတင်ခဲ့တဲ့ Hyun Bin

ကိုရီးနိုင်ငံရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Hyun Bin နဲ့ မင်းသမီး Son Yejin တို့ဟာ နှစ်နှစ်ကျော်ကြာ တွဲခဲ့ကြပြီးနောက် မတ်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်မှာ အကြင်လင်မယားအဖြစ် တရားဝင် လက်တွဲလိုက်ကြပြီး ပရိသတ်များစွာ ကို ပျော်ရွှင်စေခဲ့ကြပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို ဆိုးလ်မြို့က နာမည်ကြီး ဟိုတယ်တစ်ခုမှာ ကျင်းပခဲ့ပြီး နာမည်ကြီး အမျိုးသား၊ အမျိုးသမီး သရုပ်ဆောင်များစွာ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် လက်ထပ်ပြီး နှစ်ပတ်လောက်အကြာမှာတော့ သူတို့စုံတွဲဟာ အမေရိကန်ပြည်ထောင်စုမှာ ချိုမြိန်တဲ့ ပျားရည်ဆမ်းခရီး ထွက်ခဲ့ကြပါတယ်။

လတ်တလောမှာတော့ အိမ်ထောင်သက် ၃ လ အကြာမှာ ရင်သွေးလေးကို Son Ye Jin က လွယ်ထားခဲ့ရပြီဖြစ်တာကြောင့် ဇနီးမောင်နှံ နှစ်ယောက်လုံးအပြင် ပရိသတ်တွေပါ ရင်ခုန် စိတ်လှုပ်ရှားနေကြပါပြီ။

ဖခင်လောင်း Hyun Bin ဟာလည်း ဇနီးဖြစ်သူရဲ့ ပထမဆုံးကိုယ်ဝန်ကြောင့် ပျော်ရွှင်နေခဲ့ပြီး မကြာသေးမီက အီတလီမြို့သို့ ခရီးထွက်ရန် လေဆိပ်မှာ  ပေါ်လာခဲ့ပြီး ပရိသတ်များ၊  သတင်းထောက်များနဲ့ တွေ့ဆုံခဲ့ရာမှာ အလွန် ဖော်ရွေနေခဲ့ပါတယ်။

Hyun Bin ရဲ့ လေဆိပ်က အပြုအမူတစ်ခုကလည်း ရေပန်းစားသွားခဲ့ပါသေးတယ်။ အဲ့တာကတော့ သူ့ရဲ့ ကိုယ်ဝန် ဆောင်ဇနီးကို အားပေး သတင်းမေးနေတဲ့ သတင်းထောက်တစ်ယောက်ကို မင်းသားက ချက်ချင်း လှိုက်လှိုက်လှဲလှဲ ပြုံးပြပြီး သတင်းထောက်ကို ဂါရ၀တရားပြု၍ ကျေးဇူးတင်ပါတယ်လို့ ပြုမူဆက်ဆံခဲ့တာပါပဲ။

Hyun Bin ရဲ့ လန်းဆန်းတက်ကြွတဲ့ အပြုံးတွေနဲ့ ချောမောနုပျိုလာတဲ့ မျက်နှာသွင်ပြင်တို့ဟာ သာယာဖွယ် မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ အရိပ်အယောင်တွေဖြစ်ပြီး ရင်သွေးလေးရဲ့ အဖေဖြစ်လာဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြသနေတဲ့ အကြောင်းတရားတွေပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *