‘Reply 1988’ ရဲ့စံချိန်ကိုကျော်ဖြတ်ပြီး ကိုရီးယားဒရမ်မာသက်တမ်းတစ်လျှောက်ရဲ့ လူကြိုက်အများဆုံးဇာတ်လမ်းတွဲအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ ‘Extraordinary Attorney Woo’

Good Data Korea ကနေစစ်တမ်းကောက်ယူထားတဲ့ ဇူလိုင်လ တတိယအပတ်အတွက် လူကြိုက်အများဆုံးဒရမ်မာဇာတ်လမ်းတွဲ (၁၀) ခုရဲ့ စာရင်းမှာဆိုရင် လတ်တလော ပရိသတ်တွေအကြားမှာ ရေပန်းစားလူကြိုက်များနေတဲ့ “Extraordinary Attorney Woo” ဇာတ်လမ်းတွဲက ရမှတ် စုစုပေါင်း ၁၆၆.၄၈၀ မှတ်နဲ့ နံပါတ် ၁ နေရာကနေ ရပ်တည်နေခဲ့တာကိုတွေ့ရပါတယ်။

ဒီရမှတ်ဟာ လက်ရှိအချိန်ထိ ကိုရီးယားဒရမ်မာသက်တမ်းတစ်လျှောက်မှာ အမြင့်ဆုံးရရှိတဲ့စံချိန်ဖြစ်တာကြောင့် ယင်းဇာတ်လမ်းတွဲကို ကိုရီးယားဒရမ်မာလောကရဲ့ လူကြိုက်အများဆုံးဇာတ်လမ်းတွဲအဖြစ် တရားဝင်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ယခင်တုန်းကတော့ “Reply 1988” ဇာတ်လမ်းတွဲက ရမှတ် ၁၄၀.၄၁၈ နဲ့ စံချိန်တင်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်းစစ်တမ်းကောက်ယူထားတဲ့ရလဒ်ထဲမှာပါဝင်တဲ့ နောက်ထပ်ဇာတ်လမ်းတွဲတွေကတော့ ‘Alchemy of Souls’, ‘Why Her?’, ‘Golden Mask’, ‘Eve’, ‘Jinx Lovers’, ‘Cafe Minamdang’, ‘Beautiful Now’, ‘Bravo, My Life’ နဲ့ ‘Doctor Lawyer’ တို့ဖြစ်ကြပါတယ်။

Congratulations to ‘Extraordinary Attorney Woo’!

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.