လမ်းခွဲပြီး ၅ နှစ်အကြာမှ ပွဲတစ်ခုမှာ ပြန်လည်ဆုံစည်းခဲ့ကြတဲ့ Lee Min Ho နဲ့ Suzy
လမ်းခွဲပြီး ၅ နှစ်အကြာမှ ပွဲတစ်ခုမှာ ပြန်လည်ဆုံစည်းခဲ့ကြတဲ့ Lee Min Ho နဲ့ Suzy
ထိပ်တန်း အနုပညာရှင်တွေဖြစ်ကြတဲ့ Lee Min Ho နဲ့ Suzy တို့ဟာ အတိတ်ှာလည်း ချစ်သူတွေဖြစ်ခဲ့ဖူးတာကြောင့် ရေပန်းအစားဆုံး စုံတွဲလေးဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို များစွာရရှိထားသူပါ။
မကြာသေးမီက သီးသန့်ပါတီတစ်မှာ နှစ်ယောက်လုံးကို ဓာတ်ပုံတစ်ပုံထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဓာတ်ပုံနှစ်ပုံဟာ ဆိုရှယ်မီဒီယာမှာ ဗိုင်းရပ်စ်တစ်ကောင်လို ပျံ့နှံ့ ရေပန်းစားလို့နေခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ပါတီပွဲတစ်ခုမှာ YG Foods & Entrepreneur CEO Noh Hee Young နဲ့ Lee Min Ho တို့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံဟာ viral ဖြစ်လို့နေခဲ့တာဖြစ်ပြီး သိမ်းငှက်မျက်လုံး ပိုင်ရှင် netizens တို့ကြောင့် Suzy ဟာ သူမ ရည်းစားဟောင်းဖြစ်သူ Lee Min Ho ရဲ့နောက်မှာ ရှိနေခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြတာပါ။
ဒါ့အပြင် ပါတီ ညစာစားပွဲမှာလည်း နောက်ထပ် သံသယဖြစ်ဖွယ် ဓာတ်ပုံတစ်ပုံ ပေါ်ထွက်လို့လာပါသေးတယ်။ ဒီပုံမှာတော့ Suzy ဟာ Lee Min Ho ရဲ့ဘေး မလှမ်းတကမ်းမှာ ထိုင်နေတာကို လူတိုင်းနီးပါးက သတိထားမိခဲ့ကြတာပါ။
ထိပ်တန်း မင်းသား Lee Min Ho နဲ့ အဆိုတော်-မင်းသမီးချော Suzy တို့ဟာ ၂၀၁၅ ခုနှစ် မတ်လမှာ သူတို့ရဲ့ အချစ်ရေး ပတ်သက်မှုကို ထုတ်ဖော်ကြခဲ့သလို ပရိသတ်တွေရဲ့ ထောက်ခံ အားပေးမှုတို့ကိုလည်း ရရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်း ကိုရီးယား ကြယ်ပွင့်တွေရဲ့ အချစ်ရေးတို့ ထုံးစံအတိုင်း ပြဿနာတချို့တော့ ရှိခဲ့တာပါ။ ကောလဟာလတွေ၊ မလိုမုန်းထားသူတွေ၊ အချိန်ဇယား ခက်ခဲမှုတို့ကြောင့် နှစ်ယောက်သားဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာပဲ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။