နတ်ဘုရားတွေလို ချောမောပြေပြစ်လွန်းတဲ့ ရုပ်ရည်အသွင်အပြင်ကြောင့် အေဂျင်စီတွေဘက်မှ စတင်ကမ်းလှမ်းမှုတွေကိုရရှိခဲ့တဲ့ အမျိုးသား Idol (၅) ယောက်

နတ်ဘုရားတွေလို ချောမောပြေပြစ်လွန်းတဲ့ ရုပ်ရည်အသွင်အပြင်ကြောင့် အေဂျင်စီတွေဘက်မှ စတင်ကမ်းလှမ်းမှုတွေကိုရရှိခဲ့တဲ့ အမျိုးသား Idol (၅) ယောက်

ဒီတစ်ခါတင်ဆက်ဖော်ပြပေးမယ့် အမျိုးသား Idol (၅) ယောက်ဟာဆိုရင်တော့ အနုပညာရှင် Idol တစ်ယောက်ဖြစ်လာဖို့အတွက် ငယ်စဉ်တုန်းက ရည်ရွယ်ချက်လုံး၀မရှိခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူတို့တွေရဲ့ ချောမောပြေပြစ်လွန်းလှတဲ့ ရုပ်ရည်အသွင်အပြင်တို့ကြောင့် အေဂျင်စီတွေဘက်မှ သတိထားမိခဲ့တာကြောင့် စတင်ကမ်းလှမ်းမှုတွေကိုရရှိခဲ့ကြပြီး အနုပညာလမ်းကြောင်းပေါ်ကိုလျှောက်လှမ်းခွင့်ရသူတွေဖြစ်ပါတယ်။ အဲဒီ Idol တွေကတော့ ….

ASTRO’s Cha Eunwoo

ချောမောကြည့်အကောင်းဆုံးသော Idol တွေထဲက တစ်ယောက်ဖြစ်တဲ့ ASTRO အဖွဲ့ဝင် Cha Eunwoo ဟာဆိုရင်တော့ ကျောင်းတက်နေစဉ်အချိန်တုန်းက ကျောင်းစာတစ်ခုတည်းကိုပဲ အာရုံစိုက်နေခဲ့တဲ့ စံပြကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး Idol ဖြစ်ဖို့ဆိုတာကို သူ့အနေနဲ့ စိတ်ကူးတောင်မယဉ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူအများကြားထဲမှာ ထင်းထွက်နေရတဲ့အထိတိုင် ကြည့်ကောင်းချောမောတဲ့ရုပ်ရည်ကို အေဂျင်စီလက်မှ လူရွေးချယ်ရေးမန်နေဂျာက သတိထားမိခဲ့တာကြောင့် စတင်ကမ်းလှမ်းခံခဲ့ရပြီး အဲဒီနောက်မှာတော့ အနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။

BTS’s Jin

Worldwide Handsome လို့ တင်စားသတ်မှတ်ခံထားရတဲ့ BTS အဖွဲ့ဝင် Jin ကိုတော့ လူရွေးချယ်ရေးဒါရိုက်တာဖြစ်သူတစ်ယောက်က ဘတ်စ်ကားမှတ်တိုင်မှာ စတင်သတိထားမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် အသက် ၁၅ နှစ်အရွယ်မှာတော့ SM Entertainment ဘက်မှ သူ့ကို လူရွေးချယ်ပွဲမှာလာရောက်ယှဉ်ပြိုင်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် သူကလည်း ကမ်းလှမ်းမှုကိုလက်ခံကာပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီလိုယှဉ်ပြိုင်ရာမှာတော့ အနိုင်ရရှိခဲ့တယ်ဆိုပေမယ့်လည်း အဲဒီအချိန်တုန်းကသူဟာ အနုပညာရှင်တစ်ယောက်အဖြစ်ဆက်လက်လျှောက်လှမ်းရမှာကို ကြောက်ရွံ့ခဲ့တာကြောင့် လူရွေးပွဲဒုတိယအဆင့်ကို မပါဝင်ဖြစ်ခဲ့ပါဘူး။ ဒီနောက်မှာတော့ သူဟာ Big Hit မှ ဝန်ထမ်းတစ်ယောက်ရဲ့ သတိထားမိခြင်းကိုရရှိခဲ့ပြီး BTS အဖွဲ့ဝင်အဖြစ်ပွဲထွက်ဖို့အတွက် အခွင့်အရေးရရှိလာခဲ့တာဖြစ်ပါတယ်။

Seventeen’s Minguk

Seventeen ရဲ့ အချောဆုံးအဖွဲ့ဝင်တစ်ယောက်အဖြစ်လူသိများတဲ့ Minguk ဟာဆိုရင်လည်း သူ့ရဲ့ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းချောမောတဲ့ ရုပ်ရည်အသွင်အပြင်ကြောင့် လမ်းသွားနေတဲ့အချိန်အတွင်းမှာ လူရွေးပွဲမန်နေဂျာတစ်ယောက်ရဲ့ ကမ်းလှမ်းမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဒီအခါမှာတော့ သူဟာ Pledis Entertainment ရဲ့ Trainee အဖြစ်ရွေးချယ်ခံခဲ့ရပြီး အဆိုပါလူရွေးပွဲမှာတော့ သူ့အနေနဲ့ သီချင်းမဆိုတတ်၊ မကတတ်တာကြောင့် နိုင်ငံတော်သီချင်းကို လက်ခုပ်တီးပြီးဆိုပြခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့အနုပညာနယ်ပယ်ထဲကိုရောက်ရှိလာချိန်မှာတော့ သီချင်းဆိုတာနဲ့ ကတာက ပျော်စရာကောင်းတယ်ဆိုတာကိုတွေ့ရှိသွားတဲ့အတွက် ဒီနယ်ပယ်နဲ့ပတ်သက်လို့ ပိုမိုစိတ်ဝင်စားလာခဲ့တယ်လို့ ဆိုပါတယ်။

EXO’s Sehun

EXO ရဲ့အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Sehun ရဲ့အဖြစ်ကတော့ တကယ်မှတ်မှတ်ရရနဲ့ ရယ်မောချင်စရာ ဟာသဖြစ်ရပ်တစ်ခုပါပဲ။ Sehun အနေနဲ့ SM ရဲ့ သတိထားအာရုံစိုက်မှုကိုရရှိခဲ့တဲ့အချိန်တုန်းကဆိုရင် သူဟာ ကျောင်းမှာ ဆန်ကိတ်စားနေတဲ့အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ လူရွေးချယ်မှုတာဝန်ရှိသူတွေဘက်မှ သူ့ကို လူရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စေလိုတာကြောင့် သူ့ရဲ့အနောက်ကနေလိုက်ကာ လိပ်စာကဒ်ပေးဖို့ကြိုးစားခဲ့ပေမယ့်လည်း လူစိမ်းတွေကိုကြောက်ရွံ့တတ်တဲ့ Sehun ကတော့ သူ့နောက်ကိုလူစိမ်းလိုက်လာတယ်လို့ထင်မှတ်မိခဲ့ပြီး မိနစ် ၃၀ မျှပတ်ပြေးနေခဲ့တယ်လို့ သိရပါတယ်။

NCT’s Taeyong

NCT127 ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Taeyong ကတော့ ရှားမှရှားတဲ့ Idol တစ်ယောက်လို့ဆိုရမှာပါ။ တစ်မူထူးခြားပြီးကြည့်ကောင်းတဲ့ ရုပ်ရည်ပိုင်ဆိုင်ထားတဲ့သူ့ကို SM မှကမ်းလှမ်းခဲ့တဲ့အချိန်တုန်းဆိုရင် တာဝန်ရှိသူတွေက သူတို့တွေဟာ Big 3 မှဖြစ်ကြောင်း မိတ်ဆက်စကားပြောခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အနုပညာလောကကို လုံး၀စိတ်မဝင်စားတဲ့ သူ့အနေနဲ့ကတော့ SM Entertainment ဆိုတာကို KBS, SBS နဲ့ MBC တို့လိုမျိုး ရုပ်သံလိုင်းအဖြစ်ထင်မှားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

Ref : GStarLive
Nemo

 

Leave a Reply

Your email address will not be published. Required fields are marked *

x