သူနဲ့အတူအလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Choi Yuri ကို iPhone တစ်လုံးဝယ်ပြီးလက်ဆောင်ပေးခဲ့တဲ့ Kim Woo Bin

နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ Kim Woo Bin ဟာဆိုရင် သူနဲ့အတူ “Alienoid” ရုပ်ရှင်ဇာတ်ကားထဲမှာ အတူတူသရုပ်ဆောင်ခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင်မလေး Choi Yuri အတွက် တန်ဖိုးကြီးလက်ဆောင်ပစ္စည်းတစ်ခုကိုပေးခဲ့ပြီး ဒီလိုပေးခဲ့တဲ့အကြောင်းကိုတော့ Choi Yuri ရဲ့မိခင်ဖြစ်သူက အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် အသိပေးမျှဝေခဲ့ပါတယ်။

အဲဒီပစ္စည်းကတော့ iPhone တစ်လုံးပဲဖြစ်ပြီး ဒီလိုပေးခဲ့ရတဲ့အကြောင်းအရင်းကတော့ စာမေးပွဲအောင်မြင်တဲ့အထိမ်းအမှတ်အနေနဲ့ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် iPhone နဲ့အတူ Choi Yuri လိုချင်နေတဲ့ ခဲတံအိတ်လေးတစ်အိတ်ကိုလည်းပေးခဲ့တာတွေ့ရပြီး Choi Yuri ရဲ့မိခင်ဖြစ်သူကတော့ Kim Woo Bin ဆီကန‌ေ အခုလိုမျိုးတန်ဖိုးကြီးလက်ဆောင်ကိုလက်ခံရလိမ့်မယ်လို့ မထင်ခဲ့မိဘူးလို့ ဆိုပါတယ်။

Kim Woo Bin အနေနဲ့ ကလေးသရုပ်ဆောင်မလေး Choi Yuri ကို အမှတ်တရလက်ဆောင်ပစ္စည်းတွေပေးတာဟာဆိုရင် ဒါက ပထမဆုံးအကြိမ်မဟုတ်ဘဲ ရိုက်ကူးရေးပြုလုပ်နေတဲ့အချိန်အတောတွင်းမှာလည်း အမြဲတမ်းလိုလို လက်ဆောင်တစ်ခုမဟုတ်တစ်ခုကိုပေးတတ်ပြီး တစ်ခါတုန်းကဆိုရင် Choi Yuri လေး အအေးမိမှာကိုစိုးရိမ်တာကြောင့် ဂျက်ကတ်အင်္ကျီအရှည်တစ်ထည်ကို သူကိုယ်တိုင်လိုက်လံဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

အွန်လိုင်းအသုံးပြုသူပရိသတ်တွေကတော့ ဒီသတင်းနဲ့ပတ်သက်လို့ Kim Woo Bin ရဲ့စိတ်သဘောထားကြီးမှုနဲ့ ကလေးငယ်တွေအပေါ်မှာ ချစ်ခင်တွယ်တာတတ်မှုတို့ကို ချီးကျူးစကားပြောထားကြပြီး Kim Woo Bin ဆီကနေ iPhone ကို လက်ဆောင်အနေနဲ့ရရှိခဲ့တဲ့ Choi Yuri လေးကိုလည်း အားကျမိကြောင်းဆိုကာ မှတ်ချက်ပြုထားကြတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.