‘Yumi’s Cells’ Season 3 မှာ Timothée Chalamet ကို ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်စေချင်တယ်လို့ပြောလာတဲ့ ပရိုဂျူဆာ

ကိုရီးယားဒရမ်မာပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ “Yumin’s Cells” ဇာတ်လမ်းတွဲဟာဆိုရင် Season 2 ပြသလို့အပြီးမှာ Season 3 အဖြစ် ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး အဆိုပါ Season အသစ်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုတော့ ဇာတ်လမ်းတွဲရဲ့ပရိုဂျူဆာဖြစ်သူက လတ်တလောပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာဖွင့်ဟသွားပါတယ်။

“အခုချိန်မှာတော့ Season 3 နဲ့ပတ်သက်ပြီး ပြောစရာမရှိသေးပါဘူး … ဘာလို့လဲဆိုတော့ Season 1 နဲ့ 2 ရိုက်ကူးရေးတွေအတွက် ကျွန်တော်တို့ အဖွဲ့သားတွေအကုန်လုံး ပင်ပန်းခဲ့ကြတာကြောင့် လက်ရှိမှာတော့ ကျွန်တော်တို့တွေအနားယူဖို့အချိန်တစ်ခုလိုသေးတဲ့အတွက်မို့လို့ပါ”

“Ahn Bo Hyun က Season 1 မှာ ဇာတ်လမ်းကိုစဖွင့်လိုက်ပြီး Season 2 မှာကျတော့ Park Jin Young က သူ့ရဲ့ဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဖော်နိုင်ခဲ့တယ်လေ …. ဒီတော့ Season 3 ကျရင် Timothée Chalamet ကို ခေါင်းဆောင်မင်းသားနေရာထားပြီး ရိုက်ရင်ကောင်းမလားလို့ ကျွန်တော်တို့အဖွဲ့သားတွေ စနောက်နေကြသေးတယ်ဗျ” လို့ဆိုကာ ပရိုဂျူဆာဖြစ်သူက ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

ပရိုဂျူဆာအနေနဲ့ သူတို့အဖွဲ့ရဲ့ရွှတ်နောက်နောက်အတွေးတစ်ခုကို အခုလိုဖွင့်ဟပြောသွားတာဖြစ်ပေမယ့်လည်း တချို့ပရိသတ်တွေကတော့ Timothée Chalamet ကို အဆိုပါဇာတ်လမ်းတွဲရဲ့ Season အသစ်မှာ အဓိကဇာတ်ကောင်အနေနဲ့မဟုတ်ရင်တောင်မှ အထူးဧည့်သည်သရုပ်ဆောင်အဖြစ် မြင်တွေ့ခွင့်ရဖို့အတွက် မျှော်လင့်ထားကြတာကို တွေ့ရပါတယ်။

Timothée Chalamet ဟာဆိုရင် လက်ရှိတောင်ကိုရီးယားနိုင်ငံအတွင်းမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ အမေရိကန်သရုပ်ဆောင်မင်းသားတွေထဲက တစ်ယောက်ဖြစ်ပြီး “Call Me By Your Name” , “Dune” အစရှိတဲ့ ရုပ်ရှင်ကားတွေနဲ့ လူသိများအောင်မြင်လာခဲ့သူဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.