“Extraordinary Attorney Woo” နဲ့အောင်မြင်လာခဲ့ပြီးနောက် ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ကြေး ဝမ် သန်း ၁၀၀ ရရှိလာတဲ့ Park Eun Bin

“Extraordinary Attorney Woo” နဲ့အောင်မြင်လာခဲ့ပြီးနောက် ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ကြေး ဝမ် သန်း ၂၀၀ ကျော်အထိရလာနိုင်ချေရှိနေတဲ့ Park Eun Bin

လက်ရှိထုတ်လွှင့်ပြသနေလျက်ရှိတဲ့ “Extraordinary Attorney Woo” ဇာတ်လမ်းတွဲထဲမှ ခေါင်းဆောင်မင်းသမီးဖြစ်သူ Park Eun Bin ဟာဆိုရင် အဆိုပါဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုတွေအများအပြားရရှိလာခဲ့ပြီးနောက်မှာ တော့ သူမ ရရှိတဲ့ အနုပညာကြေးပမာဏက တစ်ဟုန်ထိုးမြင့်တက်လာနေတာကို တွေ့ရပါတယ်။

OSEN သတင်းဌာနရဲ့ထုတ်ဖော်ပြချက်အရဆိုရင် Park Eun Bin အနေနဲ့ ယခင်တုန်းက ဇာတ်လမ်းတွဲတစ်ပိုင်းစာအတွက်ရရှိတဲ့ သရုပ်ဆောင်ကြေးက ဝမ် သန်း ၁၀၀ တောင်မပြည့်ခဲ့ဘူးဆိုပေမယ့်လည်း လက်ရှိအချိန်မှာတော့ အခြေအနေတွေက လုံး၀ဆန့်ကျင်ဘက်ဖြစ်သွားခဲ့ပြီလို့ သိရပါတယ်။

လတ်တလောရက်ပိုင်းအတွင်းမှာ ထွက်ရှိလာတဲ့သတင်းတွေမှာတော့ Park Eun Bin ကို ဇာတ်လမ်းတွဲအသစ်တွေ၊ ရုပ်ရှင်ဇာတ်ကားအသစ်တွေနဲ့ တခြားသောတီဗွီအစီအစဉ်တွေမှာပါဝင်ဖို့အတွက် ကမ်းလှမ်းထားမှုတွေအများကြီးရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းကထွက်ရှိခဲ့တဲ့သတင်းတွေမှာဆိုရင် Park Eun Bin ရဲ့ ကြော်ငြာအနုပညာကြေးပမာဏဟာ ထက်ဝက်မြင့်တက်သွားခဲ့တယ်လို့ဖော်ပြသွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုရီးယားဒရမ်မာနယ်ပယ်ထဲမှ ကျွမ်းကျင်သူအချို့က Park Eun Bin ရဲ့ သရုပ်ဆောင်ကြေးပမာဏဟာ ဇာတ်လမ်းတွဲအပိုင်းတစ်ပိုင်းကို ဝမ် သန်း ၂၀၀ ကျော်ရှိသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါကြောင့် မကြာခင်အချိန်တိုအတွင်းမှာ Park Eun Bin တစ်ယောက် တောင်ကိုရီးယားနိုင်ငံရဲ့ ကြေအမြင့်ဆုံးသောမင်းသမီးအဖြစ်ကိုရောက်လာနိုင်ချေတယ်လို့ ပရိသတ်တွေက ကောက်ချက်ချထားကြတာကို တွေ့ရပါတယ်။

Ref : Lovekpop95
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x