Yaya ဟာ သူအထင်ကြီးရဆုံး မင်းသမီးတစ်ယောက်ပါလို့ ပြောပြလာတဲ့ Mario

Yaya ဟာ သူအထင်ကြီးရဆုံး မင်းသမီးတစ်ယောက်ပါလို့ ပြောပြလာတဲ့ Mario

၂၀၂၂ ခုနှစ်မှာတော့ ထိုင်းဖျော်ဖြေရေးလောကရဲ့ အကျော်ကြားဆုံး မင်းသားနဲ့ မင်းသမီးကိုတော့ ဇာတ်လမ်းတွဲတစ်ခုထဲမှာ မြင်တွေ့ခွင့်ရခဲ့ပါပြီနော်။

တန်ကြေးမြင့် မင်းသားချော Mario နဲ့ ထိပ်တန်း မင်းသမီးချော Yaya တို့ရဲ့ ဇာတ်လမ်းတွဲသစ်လေး “Bad Romeo” ထွက်ရှိလာချိန်မှာတော့ တစ်ခါမှမမြင်ဖူးသေးတဲ့ powerful စုံတွဲကို မြင်တွေ့လိုက်ရတာကြောင့် ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ဝါရင့်မင်းသမီးကြီး Anne Thongprasom က ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ရိုက်ကူးပေးထားတာကြောင့် ဒီဇာတ်လမ်းကို ထိုင်း Channel 3 မှာလည်း မကြာသေးခင်ကမှ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မင်းသားချော Mario က ဒီဇာတ်လမ်းတွဲမှာ Yaya နဲ့ သူနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ရတဲ့ အကြောင်းအရာနဲ့ ပတ်တ်သက်ပြီး အင်တာဗျူးမှာ အခုလို ပြောပြသွားခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ သူ့ရဲ့ဆံပင်ပုံစံကို ကြိုက်တဲ့သူတွေ အများကြီးရှိတယ်လို့ Mario က ပြောပြလာခဲ့ပြီး နည်းနည်းပူပေမယ့် ပရိသတ်တွေ သဘောကျတာမြင်ရတော့ စိတ်သက်ရာရပါတယ်လို့ ပြောပြသွားခဲ့ပါတယ်။

“ကျွန်တော်ကတော့ ဆံပင်တိုတာကို ပိုကြိုက်ပါတယ်၊ ဒါပေမယ့် ဒီဆံပင်ပုံစံက အရင်က တစ်ခါမှ မစမ်းဖူးတဲ့ ဆံပင်ပုံစံဖြစ်လို့ ဒါရိုက်တာရဲ့ ညွှန်ကြားမှုနောက်ကိုပဲ လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ Mario က ပြောကြားထားခဲ့ပါတယ်။

“တစ်ဖက်ကလည်း ဒီဇာတ်ကွက်တွေကို ရက်နဲ့ချီပြီး ရိုက်ကူးရတာ ခက်ခဲခဲ့ပေမယ့် Yaya ရဲ့ အရည်အချင်းတွေကြောင့် ခက်ခဲခဲ့ပုံ မပေါ်ပါဘူး။ Yaya က တကယ့်ကို အထင်ကြီးစရာကောင်းတဲ့ မင်းသမီးတစ်လက်ပါပဲ။”

“သူ့ကြောင့် ကျွန်တော်တို့ရဲ့ ဇာတ်ကွက်ရိုက်ကူးမှုတွေက လျင်လျင်မြန်မြန် ပြီးဆုံးခဲ့ရတာပါ။ ကျွန်တော် သူ့ကို အရမ်း အားကျမိပါတယ်” လို့ ပြောပြလာခဲ့ရင်း “Bad Romeo” ကလည်း ပရိသတ်တွေရဲ့ ကြည့်ရှုမှုအများဆုံး ဇာတ်လမ်းတွဲတစ်ခုအဖြစ် မှတ်တမ်းဝင်ထားနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *