ပရိသတ်တွေကို အူတက်သဘောကျစေခဲ့တဲ့ ဝူယောင်းဝူရဲ့ အနမ်းဇာတ်ဝင်ခန်း

လက်ရှိမှာ ရေပန်းအစားဆုံး K-Drama လေးဖြစ်တဲ့ “Extraordinary Attorney Woo” ကတော့ အပိုင်း ၁၀ အထိ ထုတ်လွှင့်ပြသပြီးခဲ့ပြီဖြစ်ပြီး တစ်ပိုင်းချင်းအပြီးမှာလည်း rating တွေက ပိုပိုပြီး တက်လာသလို ကြည့်ရှုနှုန်းကလည်း မြင့်တက်လာခဲ့တာပါ။

အခု နောက်ဆုံး ထုတ်လွှင့်ပြသခဲ့တဲ့ အပိုင်း ၁၀ ဟာဆိုရင်လည်း ပရိသတ်တွေ နှစ်ရှည်လများ စောင့်မျှော်နေရတဲ့ အနမ်းဇာတ်ဝင်ခန်းလေး ပါဝင်လာခဲ့လို့ ကြည့်ရှုသူတွေ အထူးသဘောကျခဲ့ရတဲ့ episode လေး တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

ဒါ့အပြင်ကိုမှ “ဝူ to the ယောင်း to the ဝူ” ဝူယောင်းဝူရဲ့ အနမ်းဇာတ်ဝင်ခန်းက အပြုအမူနဲ့ စကား အပြောအဆိုလေးတွေကပါ ချစ်စရာကောင်းတာထက်ကို အူယားဖို့ကောင်းလွန်းနေခဲ့လို့ ပရိသတ်တွေ တော်တော်များများက ဒီအပိုင်းလေးကို လွန်စွာမှ သဘောကျနေခဲ့ကြတာပါ။

အထူးသဖြင့် ဝူယောင်းဝူရဲ့ “နမ်းရင် အစကတည်းက ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် သွားချင်းခုတ်မိတာလား” ဆိုတဲ့ မေးခွန်းဟာ ပရိသတ်တွေရဲ့ screenshot ပေါင်းများစွာနဲ့ viral ဖြစ်လို့သွားခဲ့ပြီး တစ်ဖက်ကလည်း ဘယ်လိုနမ်းရမယ်ဆိုတာကို သင်ပေးနေပြီး ဝူယောင်းဝူက သေချာနားထောင်လို့နေခဲ့တာကလည်း ချစ်စရာကောင်းလွန်းနေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *