မိမိထက်အသက်ငယ်တဲ့ မောင်လေးတွေနဲ့ ချစ်ကြိုးသွယ်နေကြတဲ့ ကိုရီးယားအမျိုးသမီးအနုပညာရှင် (၄) ယောက်

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အိုလံပစ်ချန်ပီယံဟောင်း စကိတ်မယ်တစ်ယောက်ဖြစ်တဲ့ Kim Yuna နဲ့ အဆိုတော် Ko Woo Rim တို့ရဲ့အချစ်ရေးသတင်းထွက်ပေါ်လာခဲ့ပြီးနောက်မှာတော့ အွန်လိုင်းအသုံးပြုသူပရိသတ်တွေအကြားမှာ ကိုရီးယားအနုပညာနယ်ပယ်ထဲမှ မိမိထက်အသက်ငယ်တဲ့ မောင်လေးတွေနဲ့ ချစ်ကြိုးသွယ်နေကြတဲ့ နာမည်ကြီးအမျိုးသမီးအနုပညာရှင်အချို့နဲ့ပတ်သက်ပြီး စိတ်ဝင်စားမြင့်တက်လာခဲ့ကြပါတယ်။ သူတို့တွေကတော့
Kim Yuna and Ko Woorim
၂၀၁၈ ခုနှစ်က ရေခဲပြင်စကိတ်ရှိုးတစ်ခုမှာ စတင်တွေ့ဆုံခဲ့ကြတဲ့ Kim Yuna နဲ့ Ko Woo Rim တို့ဟာဆိုရင်တော့ သူတို့ရဲ့မင်္ဂလာပွဲကို လာမယ့် အောက်တိုဘာလထဲမှာ ကျင်းပတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အတည်ပြုကြေညာပေးသွားခဲ့ပါတယ်။
Gong Hyojin and Kevin Oh
ဝါရင့်မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ Gong Hyo Jin ကတော့ သူမရဲ့ချစ်သူ အဆိုတော် Kevin Oh ထက် အသက် ၁၀ နှစ်မျှကြီးသူဖြစ်ပြီး သူတို့နှစ်ဦးရဲ့အချစ်ရေးကိုတော့ အခု ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ အတည်ပြုကြေညာပေးခဲ့တာဖြစ်ပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရဆိုရင် သူတို့ချစ်သူနှစ်ဦးဟာ ဒီနှစ်ထဲမှာပဲ လက်တွဲကြဖို့အတွက် စီစဉ်ထားကြပေမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ပေးထားခြင်းမရှိသေးပါဘူး။
Shin Minah and Kim Woobin
အသက် ၅ နှစ်မျှကွာဟပြီး ကိုရီးယားဖျော်ဖြေရေးနယ်ပယ်ရဲ့ နာမည်ကြီးအနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ Kim Woo Bin နဲ့ Shin Min Ah တို့ရဲ့ ချစ်သူသက်တမ်းဟာဆိုရင် အခုဆို ၇ နှစ်မျှရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေကတော့ သူတို့စုံတွဲလေးကို အမြန်ဆုံးရွှေလက်တွဲကြဖို့အတွက်မျှော်လင့်လျက်ရှိနေကြပါတယ်။
HyunA and Dawn
အချစ်ရေးနဲ့ပတ်သက်လာရင် ပွင့်ပွင့်လင်းလင်းပဲ အသိပေးဖွင့်ဟလေ့ရှိတဲ့ HyunA နဲ့ Dawn တို့စုံတွဲကတော့ အသက် ၂ နှစ်မျှကွာဟကြသူတွေဖြစ်ပြီး ချစ်သူသက်တမ်းအားဖြင့်ဆိုရင် ၆ နှစ်ပြည့်ကြတော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့စုံတွဲဟာ စေ့စပ်ထားကြပြီဖြစ်တာကြောင့် မကြာခင်အချိန်အတွင်းမှာ သူတို့ရဲ့ မင်္ဂလာပွဲသတင်းကလည်း ကြားရနိုင်ချေရှိနေပါတယ်။
Ref : GStarLive
Nemo