အလုပ်ကိစ္စတွေ မြန်မြန်ဖြတ်ပြီး ကိုယ်ဝန်ဆောင်ဇနီးထံ အမြန်ပြန်လာခဲ့တဲ့ Hyun Bin

အီတလီမှာ ၄ ရက်ကြာ အလုပ်လုပ်ပြီးနောက်မှာတော့ Hyun Bin ဟာ ဇနီးဖြစ်သူ Son Ye Jin နဲ့ အတူ တွေ့ဆုံဖို့အတွက် ကိုရီးယားကို အပြေးပြန်လာခဲ့ပါတယ်။

Hyun Bin ဟာ ဇူလိုင်လ ၂၈ ရက်နေ့မှာ အီတလီက ကိုရီးယားကို ပြန်လည် ရောက်ရှိလာခဲ့ပြီး အင်ချွန်းလေဆိပ်မှာ မင်းသားက ဇနီးဖြစ်သူ Son Ye Jin နဲ့ ဆင်တူ စုံတွဲလက်ကောက်ကို ဝတ်ဆင်ထားခဲ့ကြောင်း ပရိသတ်အချို့က တွေ့ရှိခဲ့ကြပါတယ်။

ဒါ့အပြင် Hyun Bin ဟာ သူ့ရဲ့ ကိုယ်ဝန် ဆောင်ဇနီးနဲ့ မြန်မြန်ပြန်တွေ့ချင်ဖို့ သူ့ရဲ့ အလုပ်ကိစ္စတွေကို အချိန်မြန်မြန်နဲ့ ဖြတ်ရှင်းခဲ့တယ်လို့လည်း နီးစပ်ရာ အသိုင်းအဝိုင်းတွေက ဆိုထားကြပါတယ်။

ဇနီးသည်ကို အရမ်းချစ်ပြလွန်းနေတဲ့ Hyun Bin ကိုလည်း ပရိသတ်တွေက အားကျနေကြရပြီး သူတို့ ဆင်တူ ဝတ်ဆင်ထားခဲ့တဲ့ လက်ကောက်လေးဟာလည်း Hyun Bin ကိုယ်တိုင် သူ့ဇနီးအတွက် ဒီဇိုင်းဆွဲပေးထားခဲ့တဲ့ လက်ကောက်လေးဖြစ်တယ်လို့ သတင်းတွေအရ သိရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *