စတင်ပြသတဲ့ရက်မှာတင် Box Office မှာ ဝင်ငွေ ဘတ် သန်း ၅၀ ကျော်ရရှိခဲ့တဲ့ “Love Destiny: The Movie”

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Pope Thanawat နဲ့ မင်းသမီး Bella Ranee တို့ အတူပါဝင်သရုပ်ဆောင်ထားတဲ့ “Love Destiny: The Movie” ရုပ်ရှင်ဇာတ်ကားကိုတော့ ဇူလိုင်လ ၂၈ ရက်နေ့ မနေ့တုန်းက စတင်ရုံတင်ပြသခဲ့ပါတယ်။

GDH ရဲ့ထုတ်ပြန်ချက်အရတော့ အဆိုပါရုပ်ရှင်ဇာတ်ကားကို စတင်ရုံတင်ပြသတဲ့နေ့မှာတင် ထိုင်းနိုင်ငံတစ်ဝန်းရဲ့ Box Office မှာ ဝင်ငွေ ဘတ် ၅၁.၁၉ သန်းကျော်ရရှိခဲ့ပြီး ဘန်ကောက်၊ မက်ထရိုပိုလတီယံနဲ့ ချင်းမိုင်အခြေစိုက် Box Office တို့မှာတော့ ဘတ် ၂၁.၄ သန်းရရှိခဲ့တယ်လို့ သိရပါတယ်။

“Love Destiny: The Movie” ဟာဆိုရင် ၂၀၁၈ ခုနှစ်က CH3 ရုပ်သံလိုင်းကနေပြသခဲ့တဲ့ “Love Destiny” ဇာတ်လမ်းတွဲရဲ့ နောက်ဆက်တွဲဖြစ်ပြီး ယင်းဇာတ်လမ်းတွဲဟာဆိုရင်လည်း ဇာတ်အိမ်ခိုင်ခံ့မှု၊ သရုပ်ဆောင်တွေရဲ့အသက်ဝင်ပီပြင်မှုတွေနဲ့ လိုက်ဖက်မှုတွေကြောင့် ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့တာကိုတွေ့ရပါတယ်။

အခုပြနေတဲ့ “Love Destiny: The Movie” မှာလည်း ဇာတ်လမ်းတွဲရဲ့သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Pope Thanawat နဲ့ Bella Ranee တို့က ထပ်မံတွဲဖက်ပါဝင်ထားကြတာကြောင့် ပရိသတ်တွေမှာ ဇာတ်ကားရိုက်ကူးနေဆဲအချိန်ကတည်းက ရင်ခုန်စွာမျှော်လင့်စောင့်စားနေခဲ့ကြတာဖြစ်ပါတယ်။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published.