ကိုယ်ဝန် မလွယ်နိုင်တော့တာကြောင့် အငှားကိုယ်ဝန် ပြုလုပ်သွားမယ်လို့ ပြောပြလာခဲ့တဲ့ မင်းသမီး Pancake

ထိုင်းမင်းသမီးချော Pancake Khemanit နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူတို့ဟာ လက်ထပ်ခဲ့ကြတာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သလို သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်ထားနိုင်သလို တစ်နေ့ထက် တစ်နေ့  ပြုံးရွှင်ကြည်နူးနေခဲ့ကြတာကိုလည်း ပရိသတ်တွေက မြင်တွေ့ထားရပါတယ်။

နောက်ထပ် ပရိသတ်တွေ အာရုံစိုက်လို့နေကြတဲ့ မင်းသမီး Pancake တို့ လင်မယားရဲ့ ရင်သွေးလေး ကိစ္စနဲ့ပတ်သက်ပြီးလည်း မင်းသမီးဘက်က အခုလိုပဲ အသိပေးလို့သွားခဲ့တာပါ။

မင်းသမီးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ နောက်နှစ်ထဲမှာ ကလေးယူဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုလာခဲ့ပြီး အခုချိန်မှာတော့ ဆရာဝန်နဲ့ ဆွေးနွေးနေပြီလို့ ပြောပြသွားခဲ့ပါတယ်။

Pancake ဟာ သူမရဲ့ အသက်အရွယ်ကြောင့် ကိုယ်ဝန်လွယ်ဖို့ ယုံကြည်ချက်မဲ့နေခဲ့တယ်လို့ ပြောပြဖူးခဲ့တာကြောင့် သုတ်ပိုး ပေးပို့ပြီး အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခင်ပွန်းဖြစ်သူက ပြောကြားလို့လာခဲ့တာပါ။

ဒီသတင်းကို ကြားသိရအပြီးမှာပဲ ပရိသတ်တွေက Pancake တို့ ဇနီးမောင်နှံကို ဂုဏ်ပြုပေးခဲ့ကြပြီး သတင်းကောင်းကို စောင့်မျှော်နေကြမယ်လို့လည်း မှတ်ချက်အသီးသီး ပေးထားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published.