ဥရောပ ပရိသတ်တွေ့ဆုံပွဲအတွက် ကမ်းလှမ်းခံခဲ့ရတဲ့ ပထမဆုံး ကိုရီးယားမင်းသားဖြစ်လာတဲ့ Kang Tae Oh

ဥရောပ ပရိသတ်တွေ့ဆုံပွဲအတွက် ကမ်းလှမ်းခံခဲ့ရတဲ့ ပထမဆုံး ကိုရီးယားမင်းသားဖြစ်လာတဲ့ Kang Tae Oh

မင်းသားချော Kang Tae Oh ရဲ့ ဝမ်းနည်း၊ ဝမ်းသာစရာ သတင်းနှစ်ခု ရောစပ်နေခဲ့ပုံတို့ကြောင့် ပရိသတ်တွေကတော့ စိတ်ခံစားချက်တွေအရ ဒွိဟဖြစ်ခဲ့ရပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က “10 Hidden Secrets About ‘ Extraordinary Attorney Woo ‘ Kang Tae-oh” အမည်ရှိ ဗီဒီယို ကို YouTube channel “Entertainment President Lee Jin-ho” မှာ တင်ထားခဲ့ရာမှ ဒီသတင်းတွေကို ကြားသိခဲ့ရတာပါ။

ဗီဒီယိုထဲက ဖော်ပြချက်အရ Kang Tae Oh ရဲ့ စစ်မှုရမယ့် အကြောင်းအရာက ပရိသတ်တွေကို စိတ်ဝင်စားမှုဖြင့်တက်စေခဲ့ပြီး Kang Tae Oh ယာ ဥရောပနိုင်ငံ ၅ နိုင်ငံမှာ ပရိသတ်တွေဆုံပွဲ ပြုလုပ်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ ပြဿနာတစ်ခုကြောင့် ပယ်ချလိုက်ရပါတော့တယ်။

Kang Tae Oh ဟာ “ဇွန်လ ၁၉၉၄ မှာမွေးပြီး ဒီနှစ်မှာ အသက် ၂၉ ထဲဝင်နေပြီမလို့ စစ်မှုထမ်းရတော့မှာဖြစ်ပါတယ်။ စစ်မှုထမ်းမည့်ရက်ကို အတည်မပြုနိုင်သေးပေမဲ့ အကြောင်းကြားစာ မူကြမ်းရရင် တစ်လအတွင်း စစ်တပ်ထဲဝင်ရမှာဖြစ်တယ်လို့” အဆိုပါ ဗီဒီယိုမှာ ဖော်ပြထားခဲ့တာပါ။

လက်ရှိမှာ ကျော်ကြားမှု အမြင့်မားဆုံးကို ရောက်ရှိနေသူ Kang Tae Oh ကိုယ်တိုင်ကတော့ ‘စစ်သားတစ်ယောက်အနေနဲ့ အစွမ်းကုန်လုပ်ပါ့မယ်’ လို့ ပြောထားခဲ့ပါပြီး စက်တင်ဘာလ ဒါမှမဟုတ် ဩဂုတ်လကုန်လောက်မှာ စစ်မှုထမ်းရဖို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် Kang Tae Oh ဟာ ဥရောပမှာ အထူးရေပန်းစားနေပြီး ဂျာမနီမှာ လူကြိုက်အများဆုံး ဖြစ်နေတယ်လို့ သိရသလို ဥရောပပရိသတ်တွေ့ဆုံပွဲခရီးစဉ်ကို ကမ်းလှမ်းခံရတဲ့ ပထမဆုံးကိုရီးယား မင်းသားလည်းဖြစ်ခဲ့ပါတယ်။

မင်းသားဟာ ဂျာမနီ၊ စပိန်နဲ့ အီတလီတို့ အပါအဝင် ဥရောပနိုင်ငံ ၅ နိုင်ငံမှာ ဖျော်ဖြေရေး ခရီးစဉ်နဲ့ ပရိသတ်တွေ့ဆုံပွဲ ကျင်းပဖို့ကို ဖိတ်ကြားခံခဲ့ရပေမဲ့ စစ်မှုထမ်းရမယ့် အချိန်ကြောင့် ဒီကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ရတာကြောင့် ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *