K-Pop လောကရဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက် Jimin နဲ့ Sung Woon
K-Pop လောကရဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက် Jimin နဲ့ Sung Woon
BTS အဖွဲ့ဝင် Jimin နဲ့ Wanna One အဖွဲ့ဝင်ဟောင်း Sungwoon တို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို BTS နဲ့ Wanna One ပရိတ်သတ်အချို့က သတိထားမိပြီးဖြစ်ပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ကိုရီးယား အနုပညာလောကရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်နေပါပြီ။
Sungwoon ဟာ မကြာသေးမီက Mnet TV show တစ်ခုမှာ ပါဝင်ခဲ့ပြီး အပိုင်းတစ်ပိုင်းမှာ ၂၀၂၂ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ ၀င်ငွေများစွာရခဲ့တဲ့ ထိပ်တန်းနာမည်ကြီး ၁၀ ဦးကို ဖော်ပြခဲ့တာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ၀င်ငွေအမြောက်အများ ရရှိထားတဲ့ ထိပ်တန်းနာမည်ကြီး ၁၀ ယောက်မှာ BTS အဖွဲ့က ဒုတိယနေရာမှာ ရှိနေခဲ့တာကြောင့် Sungwoon က သူ့သူငယ်ချင်း Jimin ရဲ့ နာမည်ကို ချက်ချင်းပဲ ပြောကြားလိုက်ပါတယ်။
“သူက သန်းကြွယ်သူဌေးသာဖြစ်နေတာ၊ Jimin က အရမ်းချွေတာတတ်တယ်။ သူနဲ့ သူငယ်ချင်းတွေဖြစ်ကတည်းကလည်း သူ့စည်းစိမ်တွေကို ကြွားလုံးထုတ်တာမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး” လို့ Sungwoon က အဆိုပါ show မှာ ပြောကြားခဲ့ပါတယ်။
“အပြင်ထွက်တဲ့အခါတိုင်း ဒါမှမဟုတ် အတူတူစားတဲ့အခါတိုင်း မနှောင့်နေးတတ်ပဲ ငါတစ်ဝက် ရှင်းရမလား အမြဲတမ်း မေးတတ်တယ်။ သူအဲ့လိုမေးလိုက်တိုင်း ရယ်စရာကောင်းလွန်းတယ်။”
“တစ်ခါတလေ နှစ်ယောက်လုံး ညီတူမျှတူပါပဲလို့ ပြောပေမယ့် တစ်ခါတလေတော့ Jimin ပိုက်ဆံအိတ် ယူလာဖို့ မေ့လာတာကြောင့် Jimin ကျွန်တော်က ရှင်းလိုက်ရတယ်။ နောက်တစ်ခါ တွေ့ရင် ကျွန်တော်က ပိုက်ဆံအိတ် ပြန်ထားခဲ့လိုက်တယ်” လို့ Sungwoon က သူတို့နှစ်ယောက်ကြားက အမှတ်တရတချို့ကို ဝေမျှသွားခဲ့ပါတယ်။
Jimin နဲ့ Sungwoon တို့ဟာ EXO အဖွဲ့ဝင် Kai, SHINee အဖွဲ့ဝင် Taemin နဲ့ VIXX အဖွဲ့ဝင် Ravi လို နာမည်ကျော် Idol တွေနဲ့ ရင်းနှီးခင်မင်ကြတဲ့ သူငယ်ချင်းများဖြစ်ကြပါတယ်။