ဆိုးရွားတဲ့ မျက်လုံးပြဿနာကို ကြုံတွေ့နေရတဲ့ AOA အဖွဲ့ဝင် Seolhyun

ဆိုးရွားတဲ့ မျက်လုံးပြဿနာကို ကြုံတွေ့နေရတဲ့ AOA အဖွဲ့ဝင် Seolhyun

မကြာသေးမီကပဲ AOA အဖွဲ့ဝင် Seolhyun ဟာ သူမမှာ ဆိုးရွာတဲ့ မျက်လုံးပြဿနာ ရှိနေတယ်လို့ သူမရဲ့ကိုယ်ပိုင် လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။

ပို့စ်ထဲမှာ Seolhyun က “တစ်ယောက်ယောက်မှာ အမြင်အာရုံပြောင်းလဲမှု ပြဿနာမျိုးရှိလား? ကျွန်မ မျက်လုံးတွေက တစ်ခုနဲ့တစ်ခုကို ကွဲကွဲပြားပြားတောင် မမြင်ရတော့ဘူး ဖြစ်နေတယ်” လို့ ရေးသားထားခဲ့ပါတယ်။

Seolhyun ရဲ့ အဆိုအရ သူမဟာ ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို သူမရှေ့မှာ အရာအားလုံးဟာ ခဏတာ ပေါ်လာပြီး ပျောက်ကွယ်သွားပုံရတယ်လို့ သိရပါတယ်။

Seolhyun ရဲ့ ပရိသတ်တွေကတော့ ဒီသတင်းကို ကြားအပြီးမှာ စိတ်ပူနေခဲ့ပြပြီး သူမကို အလုပ် အရမ်းများနေမှာ စိုးရိမ်တာကြောင့် ဆရာဝန်သွားပြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ အချို့ကလည်း Seolhyun ဟာ astigmatism လို့ခေါ်တဲ့ ရောဂါ လက္ခဏာလို့ သုံးသပ်ထားကြပါတယ်။

Seolhyun ဟာ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူမရဲ့ သဘာဝနဲ့ လှပမှုကြောင့် AOA မှာ ပထမဆုံးပါဝင်ခဲ့ပြီးနောက် တစ်ဟုန်ထိုး ရေပန်းစားလာခဲ့သူဖြစ်ပါတယ်။

Seolhyun ဟာ idol အဖြစ်နဲ့ ပွဲဦးထွက်ခဲ့အပြီး သရုပ်ဆောင်ဘက်ကိုပါ ဆက်လက်ကူးပြောင်းခဲ့တဲ့ ပထမဆုံးသော အမျိုးသမီး Idol တစ်ယောက်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.