Instagram မှာ Follower အရေအတွက် (၁၄) သန်းကျော်သွားပြီဖြစ်တဲ့ Win Metawin

ထိုင်းနိုင်ငံမှာ လတ်တလောနာမည်ကြီးလူကြိုက်များနေတဲ့ လူငယ်သရုပ်ဆောင်တွေထဲကတစ်ယောက်ဖြစ်တဲ့ Win Metawin ဟာဆိုရင် လက်ရှိအချိန်မှာ Instagram Follower အရေအတွက် ၁၄ သန်းကျော်သွားခဲ့ပြီဖြစ်တာကိုတွေ့ရပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်ကစလို့ အနုပညာနယ်ပယ်ထဲကိုဝင်ရောက်ခဲ့တာဖြစ်ပြီး သူ ပထမဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေမှာပါ အောင်မြင်လူကြိုက်များခဲ့တဲ့ 2gether The Series ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာစတင်ပြခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ သူ့ရဲ့ပထမဆုံးအနုပညာလှုပ်ရှားမှုဖြစ်သလို ပွဲဦးထွက်မှာတင် အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး။
အဆိုပါဇာတ်လမ်းတွဲကို စတင်ရိုက်ကူးခဲ့တဲ့အချိန်တုန်းကဆိုရင် သူ့ရဲ့ Instagram Follower အရေအတွက်က ထောင်ဂဏန်းမျှသာရှိခဲ့ပြီး ဇာတ်လမ်းတွဲစတင်ပြသခဲ့ပြီးနောက် လပိုင်းအတွင်းမှာတင် Follower အရေအတွက်ဟာ ချက်ချင်းဆိုသလို သန်းနဲ့ချီတဲ့အထိတိုင်အောင် တစ်ဟုန်ထိုးမြင့်တက်သွားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ သူဟာ Instagram မှာ Follower အရေအတွက်အများဆုံးထိုင်းအနုပညာရှင်တွေထဲကတစ်ယောက်အဖြစ်ရှိနေပြီး ထိုင်း BL မင်းသားတွေထဲမှာဆိုရင်တော့ ဒုတိယမြောက် Instagram Follower အများဆုံးသရုပ်ဆောင်ဖြစ်နေတာကိုတွေ့ရပါတယ်။ BL မင်းသားတွေထဲမှ Instagram Follower အများဆုံးသူကတော့ Win နဲ့အတူ 2gether The Series မှာ အတူတွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Bright Vachirawit ပဲဖြစ်ပါတယ်။
Win ဟာ 2gether ရိုက်ကူးပြီးနောက်မှာတော့ Still 2gether, 2gether The Movie, F4 Thailand နဲ့ Devil Sister တို့မှာ အဓိကဇာတ်ကောင်နေရာတွေကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မကြာခင်အချိန်မှာတော့ သူ ပါဝင်ထားတဲ့ Good Old Days ဇာတ်လမ်းတွဲက ထွက်ရှိလာတော့မှာဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းအရည်အချင်းရှိတဲ့ သူဟာ ဇာတ်ဝင်တေးတွေနဲ့ Cover Song တွေကိုသီဆိုခဲ့ဖူးပြီး 2gether Live On Stage Concert နဲ့ Shooting Star Concert တို့ကိုကျင်းပနိုင်ခဲ့ကာ လာမယ့်ဩဂုတ်လအတွင်းမှာလည်း GMM မှ တခြားသရုပ်ဆောင်တွေနဲ့အတူ Love Out Loud FANFEST ကို ပြုလုပ်သွားဖို့ရှိနေပါတယ်။
Nemo