စက်တင်ဘာလမကုန်ခင်မှာ စစ်မှုထမ်းဆောင်ရတော့မယ့် Kang Tae Oh
ဩဂုတ်လ (သို့မဟုတ်) စက်တင်ဘာလမကုန်ခင်မှာ စစ်မှုထမ်းဆောင်ရတော့မယ့် Kang Tae Oh
‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသား Kang Tae Oh ဟာဆိုရင် လာမယ့် ဩဂုတ်လ (သို့မဟုတ်) စက်တင်ဘာလမကုန်ခင်အချိန်မှာ စစ်မှုထမ်းဆောင်ရတော့မှာဖြစ်တယ်လို့ ထွက်ရှိနေတဲ့သတင်းတွေအရ သိရပါတယ်။
ဒါကြောင့် အခုပြသနေတဲ့ ‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲဟာဆိုရင်တော့ သူ့အနေနဲ့ စစ်မှုမထမ်းခင်အချိန်မှာ လက်ခံရိုက်ကူးတဲ့ နောက်ဆုံးဇာတ်လမ်းတွဲဖြစ်ပြီး လက်ရှိအချိန်မှာ မည်သည့်ဇာတ်ကားအသစ်ကိုမျှ လက်ခံထားခြင်းမရှိပါဘူး။
Kang Tae Oh ဟာ ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိတည်ဆဲဥပဒေတွေအရဆိုရင် သူ့အနေနဲ့ မကြာခင်အချိန်အတွင်းမှာ စတင်စစ်မှုထမ်းရတော့မှာဖြစ်ပြီး တာဝန်ထမ်းဆောင်ဖို့အတွက်ကိုတော့ ရေတပ်ကို သူကိုယ်တိုင်လျှောက်ထားတယ်လို့ ဆိုပါတယ်။
တကယ်တော့ Kang Tae Oh ဟာ သူ့ရဲ့စစ်မှုထမ်းတာဝန်ကြောင့် ‘Extraordinary Attorney Woo’ မှာပါဝင်ဖို့အတွက် ကမ်းလှမ်းမခံရခင်အချိန်ကတည်းက မည်သည့်ဇာတ်ကားတွေကိုမျှ လက်ခံခြင်းမရှိခဲ့ဘဲ စစ်မှုထမ်းဖို့အတွက်သာ စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။
Kang Tae Oh ရဲ့အေဂျင်စီဖြစ်တဲ့ Man of Creation ဘက်ကတော့ Kang Tae Oh ဟာ ‘Extraordinary Attorney Woo’ နဲ့အောင်မြင်လာခဲ့ပြီးနောက်မှာ အလုပ်များစွာဆီကနေ ကမ်းလှမ်းမှုတွေရရှိထားတယ်လို့အသိပေးကြေညာထားပြီး သူ့ရဲ့စစ်မှုထမ်းဆောင်ရမယ့် ရက်အတိအကျကိုတော့ အတည်ပြုပေးထားခြင်းမရှိသေးပါဘူး။
Ref : GStarLive
Nemo