ဘွဲ့လက်မှတ် လိမ်လည်ခဲ့တယ်လို့ စွဲချက်တင်ခံထားရတဲ့ Liu Yifei

တရုတ်နိုင်ငံရဲ့ နာမည်ကျော် မင်းသမီး Liu Yifei ဟာ မကြာသေးမီကပဲ ဘွဲ့လက်မှတ်ကို လိမ်လည်ထားခဲ့ကြောင်း စွဲချက်တင်ခံထားလိုက်ရပါတယ်။
မင်းသမီးဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ခဲ့စဥ်ကလည်း ဘွဲ့ရဖို့အတွက် လွဲချော်ခဲ့တယ်လို့ သိရပြီး ဒီသတင်းတွေကိုတော့ Sina သတင်းဌာနမှ ဖော်ပြလို့သွားခဲ့ချိန်မှာတော့ ပရိသတ်တွေကလည်း အံ့အားသင့်ခဲ့ကြရပါတယ်။
Sina ရဲ့ ဖော်ပြချက်အရ မင်းသမီးဟာ တရုတ်ပြည်တွင်း ဖျော်ဖြေရေးနယ်ပယ်မှာ အထင်ရှားဆုံးသော မင်းသမီးအဖြစ် သတ်မှတ်ခံခဲ့ရပေမဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဘွဲ့လက်မှတ်ကိုတော့ လိမ်လည်ထားခဲ့တယ်လို့ စွဲချက်တင်ခံထားရတာပါ။
လတ်တလောမှာ “A Dream of Splendor” ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုကြောင့် တစ်ဖန် ရေပန်းစားလာခဲ့တဲ့ Liu Yifei အတွက်တော့ ဒါဟာ တရုတ်ရဲ့ နာမည်ကြီးလာရင် ပြစ်ချက်ရှာကြတဲ့ ထုံးစံအတိုင်းပဲ ပြဿနာတစ်ခု ဖြစ်လာခဲ့ပါတယ်။
Liu Yifei ရဲ့ ပရိသတ်များနဲ့ အင်တာနက် အသုံးပြုသူများကြားမှာလည်း မင်းသမီးရဲ့ ဘွဲ့လိမ်လည်မှုကို သံသယဖြစ်မှုများ ဖြစ်ပွားခဲ့ပြီး အားလုံးကတော့ မင်းသမီးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပညာရေးဘွဲ့ ရခဲ့သူလို့ ထင်မှတ်ထားကြတာပါ။