၂ နှစ်အကြာ ပြင်းထန်တဲ့စိတ်ရောဂါကို ခံစားနေခဲ့ရကြောင်း ပြောပြလာခဲ့တဲ့ Tor

“Hormones” နဲ့ ကျော်ကြားလာခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် မင်းသား Tor Thanapob ဟာ ထိုင်း drama ပရိသတ်များကြားမှာတော့ လူကြိုက်များတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။

တကယ့်တော့ Tor ဟာ ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေနဲ့ တိုက်ပွဲဝင်ခဲ့ရရင်း ပရိသတ်တွေကို ဖျော်ဖြေခဲ့ရသူပါ။ Tor ဟာ ဒီသတင်းကို မကြာသေးမီကမှ ထုတ်ဖော်ပြောကြားလာခဲ့ပြီး ကင်မရာရှေ့မှာ အမြဲတမ်းပျော်ရွှင်နေခဲ့တာကို မြင်တွေ့ရခြင်းကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့ရပါတယ်။

“ကျွန်တော် နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခဲ့သလို ချွေးထွက်အရမ်းများပြီး စိတ်ရောဂါကု ဆရာဝန်နဲ့ ရက်ချိန်းတွေယူရင်း တောက်လျှောက် ကုသခဲ့ရတာပါ။ ဒီစိတ်ရောဂါ ဝေဒနာကို ခံစားနေရတာ နှစ်နှစ်ကျော်ခဲ့ပါပြီ”လို့ Tor က ပြောပြလာခဲ့ပါတယ်။

“ကျွန်တော့်ရောဂါက Panic-Disorder လို့ခေါ်ပါတယ်။ ဒါပေမယ့် အခု ကျွန်တော် ပိုကောင်းလာပြီး ကျွန်တော့်လို ရောဂါရှိတဲ့သူတွေကိုလည်း ဆရာဝန်နဲ့ အမြန်သွားပြဖို့ တိုက်တွန်းပါတယ်။ မကြောက်ပါနဲ့။ တခြားသူတွေရဲ့ ပြောဆိုမှုတွေကိုလည်း ဂရုမစိုက်ပါနဲ့” လို့ Tor က ဖွင့်ဟလို့သွားခဲ့ပါတယ်။

ဒီသတင်းကြောင့် ပရိသတ်တွေလည်း တုန်လှုပ်ခဲ့ရတာမလို့ အမြန်ဆုံး သက်သာ ပျောက်ကင်းလာပါစေလို့လည်း ဆုတောင်းပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.