အလေးချိန် ၆၀၀ ကီလိုဂရမ်ရှိ LED ကြီး ထိမှန်ကာ မေ့လဲခဲ့တဲ့ အကသမားရဲ့ လက်ရှိအခြေအနေ
အလေးချိန် ၆၀၀ ကီလိုဂရမ်ရှိ LED ကြီး ထိမှန်ကာ မေ့လဲခဲ့တဲ့ အကသမားရဲ့ လက်ရှိအခြေအနေ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ HK01 ရဲ့ အစီရင်ခံစာအရ အလေးချိန် ၆၀၀ ကီလိုဂရမ်ရှိ LED နဲ့ ထိမှန်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အကသမားဟာ အကြီးစား ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ထားခဲ့ရကြောင်း သိရပါတယ်။
လက်ရှိအခြေအနေမှာ မသက်သာသေးဘဲ ပြင်းထန်အဆင့် လူနာအဖြစ် သတ်မှတ်ခံထားရပြီး ခွဲစိတ်ကုသမှုတွေနဲ့ အနီးကပ် စောင့်ကြည့်မှုတွေ လိုအပ်နေဆဲဖြစ်ကြောင်း ဆရာဝန်တစ်ဦးက ဆိုထားခဲ့ပါတယ်။
အဆိုပါ အကသမားဟာ ပင်မအာရုံကြော ပျက်စီးသွားခြင်း၊ မေးရိုးကျိုးခြင်းတို့ အပါအဝင် ဦးခေါင်းနဲ့ လည်ပင်းဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
A Mo လို့အမည်ရတဲ့ အကသမားဟာ ရင်ဘတ်၊ ဦးခေါင်းနှင့် လည်ပင်းတို့ကို ပြင်းထန်စွာ ရိုက်ခတ်ထားမိတဲ့ အရှိန်ကြောင့် ပုံမှန်လို ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာနိုင်ဖို့အတွက်ကတော့ ရာခိုင်နှုန်းအရ အတော့်ကို နည်းပါးနေတယ်လို့ ဆိုထားပါတယ်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့က ဟောင်ကောင်ရှိ ဖျော်ဖြေပွဲကြီးတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ နိုင်ငံတကာက လူအများကို တုန်လှုပ်သွားစေခဲ့တာပါ။
၆၀၀ ကီလိုဂရမ် လေးတဲ့ LED ကြီးယာ စင်မြင့်အလယ်မှာ ရုတ်တရက်ပြုတ်ကျခဲ့ပြီး အကသမားနှစ်ဦးကို ဒဏ်ရာအပြင်းအထန်ရစေခဲ့ပါတယ်။ A Feng အမည်ရှိ အကသမားကတော့ ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့ပေမဲ့ A Mo ကတော့ LED ဖန်သားပြင် ထိမှန်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး သတိလစ်သွားခဲ့တာကြောင့် အရေးပေါ်ခန်းသို့ ချက်ချင်းပို့ဆောင်ခဲ့ရတာပါ။