အဖွဲ့ကွဲခဲ့ပြီးနောက် One Direction အဖွဲ့ဝင်တွေရဲ့ လက်ရှိဘဝဖြတ်သန်းပုံများ
အဖွဲ့ကွဲခဲ့ပြီးနောက် One Direction အဖွဲ့ဝင်တွေရဲ့ လက်ရှိဘဝဖြတ်သန်းပုံများ
ကမ္ဘာကျော်ခဲ့ဖူးတဲ့ One Direction အဖွဲ့ဟာ အဖွဲ့ဝင် ၅ ဦးပါဝင်တဲ့ ဗြိတိသျှ ယောက်ျားလေး အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး X Factor ကမ္ဘာရှိုးမှ တဆင့် ၂၀၁၀ ခုနှစ်မှာ တရားဝင်ဖွဲ့စည်းခဲ့ကြပါတယ်။
အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီးနောက်မှာတော့ ဒီအဖွဲ့ဟာ လူငယ်တွေကို ဆွဲဆောင်မှုရှိပြီး လှပတဲ့သီချင်းတွေနဲ့ သူတို့ရဲ့ ဥရောပအလှတရားကို ထူးထူးခြားခြား အရှိန်အဟုန်ပြင်းပြင်းနဲ့ သယ်ဆောင်လာနိုင်ခဲ့ပြီး ကမ္ဘာ့အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့ ၂၀၁၆ ခုနှစ်မှာတော့ အဖွဲ့ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ပရိသတ်များစွာကို ဝမ်းနည်းကြေကွဲစေခဲ့ပါတယ်။
အဖွဲ့ကွဲပြီးနောက် အဖွဲ့ဝင်တစ်ဦးစီဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဘဝကိုယ်စီနဲ့ အနုပညာပုံစံတွေကို ၂၀၂၂ ခုနှစ် အထိ ဆက်လက် လုပ်ဆောင်ခဲ့ကြပြီး ပရိသတ်တွေကလည်း လွမ်းဆွတ်နေခဲ့ကြလို့ One Direction အဖွဲ့ဝင်တွေရဲ့ လက်ရှိ ဘဝဖြတ်သန်းပုံတွေကို ဖော်ပြပေးလိုက်ရပါတယ်။
1. Zayn Malik
Zayn Malik ဟာ ၂၀၁၆ မှာ တရားဝင် အဖွဲ့ မဖျက်သိမ်းမီ ၂၀၁၅ ခုနှစ်ကတည်းက အဖွဲ့မှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တဲ့ ပထမဆုံး အဖွဲ့ဝင်ဖြစ်ပါတယ်။အဖွဲ့ကနေ ထွက်ပြီးကတည်းက အနုပညာလောကထဲမှာ ဆက်တိုက်လှုပ်ရှားနေခဲ့ပြီး လူကြိုက်အများဆုံး တစ်ကိုယ်တော် သီချင်းတွေလည်း ထွက်ရှိခဲ့သလို ရေပန်းစားတဲ့ အားပေးမှုတွေလည်း ဆက်လက်ရရှိခဲ့ပါတယ်။
အချစ်ရေးမှာတော့ ထိပ်တန်းမော်ဒယ် Gigi Hadid နဲ့ ၂၀၁၅ ခုနှစ်ကတည်းက တွဲခဲ့ပြီး သမီးလေးတစ်ယောက်ရရှိထားပေမယ့် ဝမ်းနည်းစရာကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ မှာ လမ်းခွဲခဲ့ပါတယ်။
2. Louis Tomlinson
Louis ဟာလည်း အဖွဲ့ခွဲပြီးကတည်းက တစ်ယောက်တည်း အနုပညာလောကထဲကို လျှောက်လှမ်းခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင် သီချင်းများစွာကို ရေးသားထုတ်ဝေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ The X Factor ရဲ့ ဒိုင်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ့ရဲ့အသင်းသား Dalton Harris ဟာလည်း ဖိုင်နယ်မှာ အနိုင်ရခဲ့သူပါ။
အချစ်ရေးအရဆိုရင်တော့ မော်ဒယ် Eleanor Calder နဲ့ ၂၀၁၅ ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ပြီး ၂၀၁၈ မှာ လမ်းခွဲခဲ့ပေမယ့် အခုချိန်မှာတော့ ပြန်လည်တွဲနေပြီဖြစ်ပါတယ်။
3. Liam Payne
Liam Payne ကလည်း သူ့ရဲ့အနုပညာကို လက်လွှတ်မခံဘဲ သီချင်းအသစ်များထုတ်ခဲ့ပြီး အခြားကြယ်ပွင့်များစွာနှင့် ပူးပေါင်းကာ Youtube မှာလည်း ထူးထူးခြားခြား ဗီဒီယိုများကို တင်ဆက်ထားပါသေးတယ်။
အချစ်ဇာတ်လမ်းမှာတော့ X factor commissioner Cheryl Cole နဲ့ စတင်တွဲခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ သားတစ်ယောက်ရခဲ့ပေမယ့် ၂၀၁၈ မှာတော့ သူတို့နှစ်ယောက် လမ်းခွဲကြောင်းကြေငြာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ မော်ဒယ် Maya henry နဲ့ အချစ်ရေးသစ် စတင်ခဲ့ပြီး ယနေ့အချိန်အထိတော့ အခြေအနေ ကောင်းမွန်နေခဲ့ပါတယ်။
4. Niall Horan
အခြား အဖွဲ့ဝင်များကဲ့သို့ပင် မင်းသား Niall Horan ဟာလည်း One Direction မှ ထွက်ခွာပြီးကတည်းက သူ့ရဲ့ တစ်ကိုယ်တော် ဂီတဘက်သို့ အာရုံစိုက်ထားခဲ့သူပါ။
သူ့ချစ်သူကတော့ နာမည်ကျော် ဖိနပ်ဒီဇိုင်နာ Amelia Woolley ဖြစ်ပါတယ်။
5. Harry Styles
ခွဲထွက်ပြီးကတည်းက Harry Styles ဟာ တခြား အဖွဲ့ဝင်တွေထက် အနုပညာအလုပ်တွေ ပိုလုပ်ထားပုံရပါတယ်။ ပရိတ်သတ်များစွာကို ဆွဲဆောင်နိုင်တဲ့ တစ်ကိုယ်တော် သီချင်းကောင်းလေးတွေ ထွက်ရှိထားပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကိုလည်း ကျင်းပနိုင်ခဲ့သလို သရုပ်ဆောင်လောကထဲကိုလည်း စတင်ဝင်ရောက်ခဲ့ပါတယ်။
အချစ်ရေးမှာဆိုရင်တော့ မင်းသမီး Olivia Wilde နဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။