အတိတ်ကအရာတွေကို သူမအတွက် အရေးမကြီးတော့တာကြောင့် လက်ရှိပစ္စုပ္ပန်ကာလမှာ ပျော်ရွှင်နေတယ်ဆိုတဲ့ Bella Ranee

ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Bella Ranee ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပြုလုပ်ခဲ့တဲ့ သူမရဲ့ “Love Destiny : The Movie” ရုပ်ရှင်ဇာတ်ကားအသစ်စတင်ပြသပွဲကိုတက်ရောက်ခဲ့ပြီး အဆိုပါပွဲရဲ့ အင်တာဗျူးမှာ လတ်တလောဖြစ်ပေါ်နေတဲ့ သူမရဲ့စိတ်ခံစားချက်ပုံစံကို ဖွင့်ဟပြောသွားခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ သူမကို ဒီအချိန်တောအတွင်းမှာ စိတ်ခွန်အားရှိစေဖို့အတွက် အားပေးစကားပြောပေးကြသူတွေအကုန်လုံးကို ကျေးဇူးတင်ကြောင်း၊ အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေက သူမအတွက် အရေးမကြီးတော့တာကြောင့် လက်ရှိပစ္စုပ္ပန်ကာလမှာ စိတ်ချမ်းချမ်းသာသာနဲ့ ပျော်ရွှင်နေကြောင်းနဲ့ သူမရဲ့စိတ်အာရုံတွေအကုန်လုံးကိုလည်း လက်ရှိအချိန်မှာပဲ နှစ်မြုပ်ထားကြောင်းဆိုကာ ပြောသွားခဲ့တာကိုတွေ့ရပါတယ်။

အဲဒီနောက်မှာတော့ ဆက်လက်ပြီး သတင်းထောက်တွေက သူမနဲ့ချစ်သူတွေဖြစ်နေတယ်လို့ ကောလဟာလသတင်းတွေထွက်ရှိနေတဲ့ မင်းသား Kongthap Peak အကြောင်းကိုမေးမြန်းခဲ့ရာမှတော့ Bella က သူမတို့နှစ်ဦးအကြားမှာ ထူးခြားတဲ့ဆက်ဆံရေးမရှိဘူးလို့ဆိုကာပြောသွားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းတွေတုန်းက သူမတို့နှစ်ယောက် ခေါင်ယိုင်ဒေသဘက်ကို ခရီးအတူသွားတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့လည်း ထပ်မံရှင်းပြခဲ့ပါသေးတယ်။

သူမရဲ့ရှင်းပြချက်အရတော့ အဆိုပါဒေသဘက်ကို သူမက မိသားစုနဲ့အတူ ဘုရားဖူးခရီးသွားခဲ့တာဖြစ်ပြီး သူမ ပြန်လာချိန်မှာတော့ Kongthap Peak က သူ့အနေနဲ့ ကောင်းမှုကုသိုလ်တွေလုပ်ဖို့ မည်သည့်ဒေသကိုသွားသင့်သလဲဆိုကာ မေးမြန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် သူမကလည်း သူ သွားခဲ့တဲ့နေရာကို လမ်းညွှန်ပေးခဲ့တာကြောင့် Kongthap Peak က အဆိုပါဒေသကို နောက်တစ်ရက်မှာ သူ့ဘာသာသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published. Required fields are marked *