ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွားပိုင်ဆိုင်ကြတော့မယ့် Moon Hee Jun နဲ့ Soyul တို့ဇနီးမောင်နှံ

ကိုရီးယားဖျော်ဖြေရေးနယ်ပယ်ရဲ့ လူသိများတဲ့စုံတွဲတစ်တွဲဖြစ်တဲ့ H.O.T အဖွဲ့ဝင် Moon Hee Jun နဲ့ Crayon Pop အဖွဲ့ဝင်ဟောင်း Soyul တို့ဇနီးမောင်နှံဟာဆိုရင် မကြာခင်အချိန်လပိုင်းအတွင်းမှာ သူတို့ရဲ့ ဒုတိယမြောက်ရင်သွေးလေးကို ပိုင်ဆိုင်ရရှိကြတော့မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Soyul ဟာ ဒုတိယကိုယ်ဝန်လွယ်ထားရတာ ၇ လရှိနေပြီဖြစ်ပြီး ယင်းကိုယ်ဝန်ကတော့ သားယောကျာ်းလေးဖြစ်တယ်လို့ သိရပါတယ်။ Moon Hee Jun နဲ့ Soyul တို့ဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ တရားဝင်လက်ထပ်ခဲ့ကြတာဖြစ်ပြီး ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သမီး‌ကြီး Heeyul ကိုတော့ အဲဒီနှစ်ရဲ့မေလမှာပဲ မွေးဖွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ Moon Hee Jun တို့မိသားစုဟာ The Return of Superman အစီအစဉ်မှာပါဝင်ခဲ့ကြပြီး အဲဒီအချိန်မှာ ပရိသတ်တွေက Heeyul ကို Jam Jam ဆိုတဲ့နာမည်နဲ့ပိုပြီးရင်းနှီးခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ်ကိုရောက်ချိန်မှာတော့ သူတို့မိသားစုဟာ အစီအစဉ်ကနေထွက်ခွာခဲ့ကြပြီး အဲဒီနောက် ကိုယ်ပိုင် YouTube Channel တစ်ခုဖွင့်လှစ်ကာ သူတို့မိသားစုရဲ့ တစ်နေ့တာဖြတ်သန်းပုံတွေကို Vlog အဖြစ်တင်ဆက်ပေးခဲ့ကြတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *