ကျောင်းပြန်တက်ချိန်မှာ ပြန်လည်အနိုင်ကျင့်ခံနေရတယ်လို့ သတင်းတွေထွက်နေတဲ့ LE SSERAFIM အဖွဲ့ဝင်ဟောင်း Kim Garam

ကျောင်းပြန်တက်ချိန်မှာ အတန်းဖော်တွေဆီကနေအနိုင်ကျင့်ခံနေရတယ်ဆိုတဲ့ LE SSERAFIM အဖွဲ့ဝင်ဟောင်း Kim Garam

ဩဂုတ်လ ၂ ရက်နေ့ မနေ့တုန်းကထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ LE SSERAFIM အဖွဲ့ဝင်ဟောင်းဖြစ်သူ Kim Garam တစ်ယောက် အဖွဲ့ကနေထွက်ခွာပြီးနောက်မှာ လတ်တလောရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းပါပဲ။ ထွက်ရှိလာတဲ့သတင်းတွေအရ သူမဟာ လက်ရှိအချိန်မှာ ကျောင်းပြန်လည်တက်ရောက်နေပြီး အဆိုပါကျောင်းမှာပဲ အတန်းဖော်တွေဆီကနေ အနိုင်ကျင့်ခံနေရတယ်လို့ သိရပါတယ်။

ဒီသတင်းဟာဆိုရင် အွန်လိုင်းစာမျက်နှာအထက်မှာ ပျံ့နှံ့နေတဲ့ပုံတစ်ပုံကနေအစပြုလို့ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ယင်းပုံထဲမှာတော့ ကျောင်းစာသင်စားပွဲတစ်လုံးပေါ်မှာ သူမရဲ့နာမည်ကို ညစ်ညမ်းစွာဆဲဆိုထားတဲ့အသုံးအနှုန်းတွေနဲ့ ရေးသားထားတာကိုတွေ့ရပါတယ်။

ဒီပုံကိုတင်လိုက်တဲ့သူက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုမသိရသေးပေမယ့် အွန်လိုင်းအသုံးပြုသူတွေကတော့ Garam နဲ့အတူ တစ်ကျောင်းတည်းမှာတက်ရောက်နေတဲ့ အတန်းဖော် (သို့မဟုတ်) ကျောင်းနေဘက်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ Kim Garam က ကျောင်းနေဘက်အတန်းဖော်တွေဆီကနေ အနိုင်ကျင့်ခံနေရတာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကောက်ချက်ချထားကြပါသေးတယ်။

တချို့သောအွန်လိုင်းအသုံးပြုသူတွေကတော့ တကယ်လို့များ KIm Garam တစ်ယောက် ကျောင်းပြန်လည်တက်ရောက်နေပြီဆိုပါကလည်း အတန်းဖော်တွေအနေနဲ့ သူမရဲ့တစ်ချိန်တုန်းကလုပ်ရပ်တွေအတိုင်း ပြန်လည်မပြုလုပ်သင့်ကြောင်း၊ ကုမ္ပဏီအနေနဲ့လည်း သူမကို လုံး၀ပွဲမထုတ်ပေးခဲ့သင့်ကြောင်း၊ လက်ရှိမှာ သူမရဲ့မျက်နှာကို အကုန်လုံးကသိရှိနေပြီဖြစ်တာကြောင့် ရန်သူတွေက ဒီထက်မကများပြားနေမှာဖြစ်ကြောင်းဆိုကာ အမျိုးမျိုးမှတ်ချက်ပေးထားကြပါတယ်။

 

Kim Garam ဟာဆိုရင် LE SSERAFIM ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲထွက်ပြီးနောက် အချိန်လအနည်းငယ်အတွင်းမှာပဲ ကျောင်းတက်စဉ်အချိန်တုန်းက သူမဟာ အတန်းဖော်တွေနဲ့ ကျောင်းနေဘက်တွေကို နိုင်ထက်စီးနင်းပြုကျင့်ဖူးသူဖြစ်တယ်ဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ပြီး အဲဒီနောက်မှာတော့ သူမနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို HYBE ဘက်မှ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

ကျောင်းပြန်တက်ချိန်မှာ အတန်းဖော်တွေဆီကနေအနိုင်ကျင့်ခံနေရတယ်ဆိုတဲ့ LE SSERAFIM အဖွဲ့ဝင်ဟောင်း Kim Garam

ဩဂုတ်လ ၂ ရက်နေ့ မနေ့တုန်းကထွက်ပေါ်လာတဲ့ သတင်းတစ်ခုကတော့ LE SSERAFIM အဖွဲ့ဝင်ဟောင်းဖြစ်သူ Kim Garam တစ်ယောက် အဖွဲ့ကနေထွက်ခွာပြီးနောက်မှာ လတ်တလောရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းပါပဲ။

ထွက်ရှိလာတဲ့သတင်းတွေအရ သူမဟာ လက်ရှိအချိန်မှာ ကျောင်းပြန်လည်တက်ရောက်နေပြီး အဆိုပါကျောင်းမှာပဲ အတန်းဖော်တွေဆီကနေ အနိုင်ကျင့်ခံနေရတယ်လို့ သိရပါတယ်။

ဒီသတင်းဟာဆိုရင် အွန်လိုင်းစာမျက်နှာအထက်မှာ ပျံ့နှံ့နေတဲ့ပုံတစ်ပုံကနေအစပြုလို့ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ယင်းပုံထဲမှာတော့ ကျောင်းစာသင်စားပွဲတစ်လုံးပေါ်မှာ သူမရဲ့နာမည်ကို ညစ်ညမ်းစွာဆဲဆိုထားတဲ့အသုံးအနှုန်းတွေနဲ့ ရေးသားထားတာကိုတွေ့ရပါတယ်။

ဒီပုံကိုတင်လိုက်တဲ့သူက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုမသိရသေးပေမယ့် အွန်လိုင်းအသုံးပြုသူတွေကတော့ Garam နဲ့အတူ တစ်ကျောင်းတည်းမှာတက်ရောက်နေတဲ့ အတန်းဖော် (သို့မဟုတ်) ကျောင်းနေဘက်တစ်ယောက်ဖြစ်လိမ့်မယ်လို့ ယူဆထားကြပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ Kim Garam က ကျောင်းနေဘက်အတန်းဖော်တွေဆီကနေ အနိုင်ကျင့်ခံနေရတာဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းကောက်ချက်ချထားကြပါသေးတယ်။

တချို့သောအွန်လိုင်းအသုံးပြုသူတွေကတော့ တကယ်လို့များ KIm Garam တစ်ယောက် ကျောင်းပြန်လည်တက်ရောက်နေပြီဆိုပါကလည်း အတန်းဖော်တွေအနေနဲ့ သူမရဲ့တစ်ချိန်တုန်းကလုပ်ရပ်တွေအတိုင်း ပြန်လည်မပြုလုပ်သင့်ကြောင်း၊ ကုမ္ပဏီအနေနဲ့လည်း သူမကို လုံး၀ပွဲမထုတ်ပေးခဲ့သင့်ကြောင်း၊ လက်ရှိမှာ သူမရဲ့မျက်နှာကို အကုန်လုံးကသိရှိနေပြီဖြစ်တာကြောင့် ရန်သူတွေက ဒီထက်မကများပြားနေမှာဖြစ်ကြောင်းဆိုကာ အမျိုးမျိုးမှတ်ချက်ပေးထားကြပါတယ်။

Kim Garam ဟာဆိုရင် LE SSERAFIM ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲထွက်ပြီးနောက် အချိန်လအနည်းငယ်အတွင်းမှာပဲ ကျောင်းတက်စဉ်အချိန်တုန်းက သူမဟာ အတန်းဖော်တွေနဲ့ ကျောင်းနေဘက်တွေကို နိုင်ထက်စီးနင်းပြုကျင့်ဖူးသူဖြစ်တယ်ဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ပြီး အဲဒီနောက်မှာတော့ သူမနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို HYBE ဘက်မှ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *