သူ့ထက်အသက်ကြီးတဲ့ “မမအရွယ်” အမျိုးသမီးတွေကို သဘောကျတယ်ဆိုတဲ့ Kang Tae Oh

လတ်တလောကိုရီးယားဒရမ်မာကြိုက် အမျိုးသမီးပရိသတ်တွေအကြားမှာ ရေပန်းစားနေတဲ့မင်းသားတစ်လက်ကတော့ “Extraordinary Attorney Woo” ဇာတ်လမ်းတွဲထဲမှ ခေါင်းဆောင်မင်းသားဖြစ်သူ Kang Tae Oh ပဲဖြစ်ပြီး သူနဲ့ပတ်သက်သမျှ သတင်းအကြောင်းအရာတွေအားလုံးဟာ လက်ရှိအင်တာနက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေလျက်ရှိတာကို တွေ့ရပါတယ်။

ဒီလိုပျံ့နှံ့နေတဲ့အကြောင်းအရာမျိုးစုံတွေထဲကမှ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနေတဲ့အရာတစ်ခုကတော့ သူကိုယ်တိုင်ဖွင့်ဟပြောပြခဲ့ဖူးတဲ့ သူ နှစ်သက်သဘောကျတဲ့မိန်းကလေးပုံစံပဲဖြစ်ပြီး ဒီအကြောင်းကိုတော့ Kang Tae Oh က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက “Run On” ဇာတ်လမ်းတွဲအပြီးမှာပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာဖွင့်ဟဖြေဆိုသွားခဲ့ပါတယ်။

အဆိုပါအင်တာဗျူးမှာ တင်ဆက်သူက သူ့ကို ‘လက်တွေ့ဘ၀မှာရော ဇာတ်လမ်းတွဲထဲကအတိုင်း အသက်ကြီးတဲ့အမျိုးသမီးတွေကို သဘောကျတတ်လား’ လို့ဆိုကာမေးမြန်းခဲ့ပြီး ယင်းဇာတ်လမ်းတွဲမှာဆိုရင် သူဟာ မိမိထက်အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ကို တစ်ဖတ်သက်ချစ်ကြိုက်မိတဲ့ Lee Yeong Hwa ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအခါမှာတော့ Kang Tae Oh က သူ့အနေနဲ့ နှစ်သက်သဘောကျတဲ့အမျိုးသမီးပုံစံက သူ့ထက်အသက်ကြီးတဲ့ “မမအရွယ်” တွေဖြစ်ပေမယ့်လည်း အရင်တုန်းကတော့ သူ့ထက် အသက်ငယ်တဲ့မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ဖူးကြောင်းကို ပွင့်ပွင့်လင်းလင်းဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့မျက်လုံးထဲမှာ ဆံပင်အရှည်ထားတဲ့မိန်းကလေးတွေထက် ဆံပင်အတိုထားတဲ့မိန်းကလေးတွေကို ပိုမိုချောမောလှပတယ်လို့မြင်မိကြောင်းကိုလည်း ဖွင့်ဟပြောသွားခဲ့ပါသေးတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published.