နာမည်ကျော် ထိုင်းမင်းသမီးချောတွေနဲ့ သူတို့ရဲ့ တန်ကြေးမြင့် ဇိမ်ခံအိမ်ကြီးများ

နာမည်ကျော် ထိုင်းမင်းသမီးချောတွေနဲ့ သူတို့ရဲ့ တန်ကြေးမြင့် ဇိမ်ခံအိမ်ကြီးများ

ထိုင်းဖျော်ဖြေရေးလောကရဲ့ လွှမ်းမိုးနိုင်စွမ်းဟာလည်း အာရှနိုင်ငံတွေမှာ ထင်ထင်ရှားရှားကို ရှိလို့နေတာပါ။ ပရိသတ်တွေကလည်း သူတို့အားပေးတဲ့ နာမည်ကျော် အနုပညာရှင်တွေရဲ့  အပြင်နေထိုင်မှု ဘဝတချို့ကိုပါ သိပြီးသားဖြစ်နေကြပါပြီ။

Aff Taksaorn, Nune Woranuch,  Mai Davika, Chompoo Araya,  Margie Rasri နဲ့ Aum Patcharapa တို့လို ထိပ်တန်းမင်းသမီးတွေရဲ့ ဘဝတွေကို ကြည့်လိုက်ရင် သူတို့တွေဟာ မြန်မာနိုင်ငံအတွက်လည်း ထိပ်တန်း မင်းသမီးတွေသာမကဘဲ  ကြွယ်ဝချမ်းသာမှုပေါင်းများစွာနဲ့ သန်းကြွယ် ဇိမ်ခံအိမ်ကြီးတွေမှာ နေထိုင်နေကြပါတယ်။

Aff Taksaorn

Aff Taksaorn ဟာ ကြီးမားပြီး သပ်ရပ်လှတဲ့ ဂန္ထဝင်ဇိမ်ခံအိမ်ကြီးကို ပိုင်ဆိုင်ထားသည့် သန်းကြွယ်  မင်းသမီးတစ်ဦးဖြစ်ပါတယ်။

သူမရဲ့  အချစ်ဆုံးသမီးလေးကို ပြုစုပျိုးထောင်နေတဲ့ ဒီအိမ်ကြီးရဲ့ တန်ဖိုးမှာ ဒေါ်လာ ၁ သန်းကျော်ဖြစ်ပါတယ်။

Nune Woranuch

မင်းသမီး Nune Woranuch ဟာ သန်းကြွယ်သူဌေး ဘီယာအမှတ်တံဆိပ်ပိုင်ရှင်ရဲ့ ဇနီးဖြစ် လူသိများပြီး ချမ်းသာကြွယ်ဝတဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။

ကျယ်ဝန်းတဲ့ အခန်းတွေပါရှိတဲ့ အထပ် ၆ ထပ် ဇိမ်ခံကွန်ဒိုတစ်ခုကို ဥရောပစတိုင်ဖြင့် အလှဆင်ထားခဲ့တဲ့ သူမရဲ့နေအိမ်ကတော့ ကုန်ကျစရိတ် ဒေါ်လာ ၅ သန်းထက် မနည်းပါဘူး။

Mai Davika

Mai Davika ကတော့ နိုင်ငံတကာမှာ ရေပန်းအစားဆုံး ထိုင်းမင်းသမီးတစ်ဦးပါ။ စတိုင်ကျတဲ့ ဖက်ရှင်တွေကြောင့်လည်း ကျော်ကြားလှပါတယ်။

သူမရဲ့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့  ကျယ်ဝန်းလှတဲ့ ဇိမ်ခံအိမ်ပြီးဟာလည်း ဒေါ်လာ ၄ သိန်းနီးပါး တန်ကြေးရှိပြီး ဒေါ်လာ ၆ သန်းတန် နေအိမ်သစ်ကြီးကိုလည်း ဆောက်လုပ်မှုတွေ ပြုလုပ်နေပါတယ်။

Margie Rasri

မင်းမျိုးမင်းနွယ်နဲ့ အိမ်ထောင်ကျခဲ့တဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး စည်းစိမ်၊ ရွှေ၊ ငွေ၊ ကားတွေ များစွာ လက်ဝယ်ပိုင်ဆိုင်ထားသလို အထူးသဖြင့် ချောင်ဖရာမြစ်အနီးက မင်းသမီးရဲ့ နေအိမ်က အလွန်ကျယ်ဝန်းပါတယ်။

မင်းသမီးအိမ်မှာ အိမ်တစ်ခုထက်ပိုတဲ့ ဖျော်ဖြေရေးနေရာတွေ အများကြီးရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄ သန်းထက် မနည်းပါဘူး။

Aum Patcharapa

ဝါရင့် မင်းသမီး Aum Patcharapa ဟာ အချမ်းသားဆုံး မင်းသမီးတစ်ဦးဖြစ်နေပြီး သူမဟာ ရေကူးကန်နဲ့  ကျယ်ဝန်းတဲ့ နေထိုင်မှုဧရိယာတို့နဲ့အတူ  ဇိမ်ခံ ဗြိတိသျှပုံစံ အိမ်တစ်လုံးကို ပိုင်ဆိုင်ထားပါတယ်။

မရေမတွက်နိုင်သော ဇိမ်ခံပစ္စည်းများနဲ့အတူ ဒေါ်လာ ၅ သန်း တန်ကြေးရှိတဲ့ နေအိမ်ကြီးမှာ နေထိုင်နေပါတယ်။

Chompoo Araya

မင်းသမီးချော Chompoo Araya ကလည်း တော်ဝင်မိသားစုနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် ချမ်းသာကြွယ်ဝမှုအရ အိမ်၊ ငွေ၊ ကားတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။

ဒါ့အပြင် သူမရဲ့ နေအိမ်ကြီးကို ကြည့်လိုက်ရင်လည်း နန်းတော်တစ်ခုလို ထူးထူးခြားနေပြီး အိမ်မှာရှိတဲ့ ပစ္စည်းတွေအားလုံးကလည်း တန်ကြေးမြင့်မားလှသလို နေအိမ်သက်သက်ပဲတောင် ဈေးနှုန်းက ဒေါ်လာ ၁၀ သန်းပါ။

Leave a Reply

Your email address will not be published. Required fields are marked *