ကမ္ဘာကျော်မဖြစ်ခင်က လမ်းပေါ်မှာ ဖျော်ဖြေသူဖြစ်ခဲ့ဖူးတဲ့ Justin Bieber

ကနေဒါနိုင်ငံသားလေး Justin Bieber ဟာ ငယ်စဉ်ကတည်းက ကမ္ဘာကျော် အဆိုတော်တစ်ဦး ဖြစ်လို့နေခဲ့သလို လှပပြီး နားထဲစွဲလွယ်သော သီချင်းများစွာဖြင့် ပရိသတ်များ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ အစပြုခဲ့တဲ့ သူ့ရဲ့တစ်ဟုန်ထိုး ကျော်ကြားမှုတွေဟာ ကြောက်မခန်းလိလိလို့ ဆိုနိုင်ပြီး အဲ့ဒီလို လူအများရဲ့ ချစ်ခင်အားပေးမှုကို မရရှိမီက Justin ဟာ ရိုးရှင်းတဲ့ ဖျော်ဖြေရေးသမားလေးအဖြစ် လမ်းမတွေဘေးမှာ ဂစ်တာလေးတစ်လုံးနဲ့ ဖြတ်သန်းခဲ့ဖူးပါတယ်။

မွေးကတည်းက အနုပညာ ပါရမီရင့်သန်ခဲ့တာကြောင့် Justin ဟာ ငယ်ငယ်လေးကတည်းက ဂီတာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ပြီး သီချင်းဆိုတာလည်း အရမ်းကောင်းပါတယ်။

ဒီလိုနဲ့ Justin ဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ အသက်မွေးဝမ်းကြောင်းအဖြစ် လမ်းမတွေထက်မှာ ဂစ်တာတီးရင်း သီချင်းဆိုခဲ့ကာ ဂစ်တာအိတ်လေးမှတစ်ဆင့် လမ်းသွားလမ်းလာတွေရဲ့ ဂုဏ်ပြု အကြွေစေ့လေးတွေကို လက်ခံခဲ့ဖူးသူပါ။

Justin ဟာ ဒီလိုဘဝမျိုးက ကြိုးစားတက်လှမ်းခဲ့ရသူဖြစ်တာမလို့ ၂၀၀၈ ခုနှစ်မှာတော့ သူ့ရဲ့အိပ်မက်ထဲက ဘဝအတိုင်း ပွဲဦးထွက် album လေးမှာပဲ ကမ္ဘာအနှံ့ ပေါက်ရောက်အောင်မြင်သွားခဲ့ပြီး ယနေ့အချိန်မှာတော့ ကမ္ဘာကျော် အနုပညညရှင်ဖြစ်ပြီဖြစ်သလို ဒေါ်လာ သန်း ရာနဲ့ချီပြီး ပိုင်ဆိုင်ထားတဲ့ သန်းကြွယ်သူဌေးလေးလည်းဖြစ်လို့နေပါပြီ။

ကမ္ဘာကျော်မဖြစ်ခင်က လမ်းပေါ်မှာ ဖျော်ဖြေသူဖြစ်ခဲ့ဖူးတဲ့ Justin Bieber

ကနေဒါနိုင်ငံသားလေး Justin Bieber ဟာ ငယ်စဉ်ကတည်းက ကမ္ဘာကျော် အဆိုတော်တစ်ဦး ဖြစ်လို့နေခဲ့သလို လှပပြီး နားထဲစွဲလွယ်သော သီချင်းများစွာဖြင့် ပရိသတ်များ အထူးသဖြင့် မိန်းကလေး ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ အစပြုခဲ့တဲ့ သူ့ရဲ့တစ်ဟုန်ထိုး ကျော်ကြားမှုတွေဟာ ကြောက်မခန်းလိလိလို့ ဆိုနိုင်ပြီး အဲ့ဒီလို လူအများရဲ့ ချစ်ခင်အားပေးမှုကို မရရှိမီက Justin ဟာ ရိုးရှင်းတဲ့ ဖျော်ဖြေရေးသမားလေးအဖြစ် လမ်းမတွေဘေးမှာ ဂစ်တာလေးတစ်လုံးနဲ့ ဖြတ်သန်းခဲ့ဖူးပါတယ်။

မွေးကတည်းက အနုပညာ ပါရမီရင့်သန်ခဲ့တာကြောင့် Justin ဟာ ငယ်ငယ်လေးကတည်းက ဂီတာကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်ပြီး သီချင်းဆိုတာလည်း အရမ်းကောင်းပါတယ်။

ဒီလိုနဲ့ Justin ဟာ အသက် ၁၂ နှစ်အရွယ်မှာပဲ အသက်မွေးဝမ်းကြောင်းအဖြစ် လမ်းမတွေထက်မှာ ဂစ်တာတီးရင်း သီချင်းဆိုခဲ့ကာ ဂစ်တာအိတ်လေးမှတစ်ဆင့် လမ်းသွားလမ်းလာတွေရဲ့ ဂုဏ်ပြုအကြွေစေ့လေးတွေကို လက်ခံခဲ့ဖူးသူပါ။

Justin ဟာ ဒီလိုဘဝမျိုးက ကြိုးစားတက်လှမ်းခဲ့ရသူဖြစ်တာမလို့ ၂၀၀၈ ခုနှစ်မှာတော့ သူ့ရဲ့အိပ်မက်ထဲက ဘဝအတိုင်း ပွဲဦးထွက် album လေးမှာပဲ ကမ္ဘာအနှံ့ ပေါက်ရောက်အောင်မြင်သွားခဲ့ပြီး ယနေ့အချိန်မှာတော့ ကမ္ဘာကျော် အနုပညညရှင်ဖြစ်ပြီဖြစ်သလို ဒေါ်လာ သန်း ရာနဲ့ချီပြီး ပိုင်ဆိုင်ထားတဲ့ သန်းကြွယ်သူဌေးလေးလည်းဖြစ်လို့နေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *