ရင့်ကျက်ကျွမ်းကျင်လာတဲ့ စုံထောက်အဖြစ် တွေ့မြင်သွားရမယ့် Hyun Bin ရဲ့ “Confidential Assignment 2”

ရင့်ကျက်ကျွမ်းကျင်လာတဲ့ စုံထောက်အဖြစ် တွေ့မြင်သွားရမယ့် Hyun Bin ရဲ့ “Confidential Assignment 2”

Hyun Bin ဟာ “Confidential Assignment 2” မှာ အရင်ကထက် ပိုပြီး မိမိုက် ဆိုးသွမ်းနေခဲ့ပါတော့တယ်။

Kim Sung Hoon ရိုက်ကူးထားတဲ့ ၂၀၁၇ ခုနှစ် ထွက် “Confidential Assignment” ပထမ ဇာတ်ကားမှာတော့ မြောက်ကိုရီးယား စုံထောက် Rim Chul Ryung (Hyun Bin) နဲ့ တောင်ကိုရီးယား စုံထောက် Kang Jin Tae (Yoo Hae Jin) တို့ ပူးပေါင်း၍ ရာဇ၀တ်သားကို ဖမ်းတီးတဲ့အကြောင်း ရိုက်ကူးထားပါတယ်။

Girls’ Generation အဖွဲ့မှ YoonA  ကလည််း Kang Jin Tae ရဲ့ ခယ်မဖြစ်သူ Park Min Young အဖြစ် သရုပ်ဆောင်ထားခဲ့ပါတယ်။

နောက်ဆက်တွဲကို “Confidential Assignment 2: International” လို့ အမည်ပေးထားပြီး Rim Chul Ryung ဟာ ရက်စက်ကြမ်းကြုတ်ပြီး လျှို့ဝှက်တဲ့ ရာဇ၀တ်မှု အဖွဲ့အစည်းကို လိုက်ရှာဖို့အတွက် တောင်ကိုရီးယားကို ပြန်သွားမှာ ဖြစ်ပါတယ်။

သူဟာ ဆိုက်ဘာ မှုခင်းဌာနမှာ မှားယွင်းမှုတစ်ခု ဖြစ်ပွားပြီးနောက် စုံစမ်းစစ်ဆေးရေး အဖွဲ့ထံ ပြန်လည်ရောက်ရှိရန်အတွက် စေတနာဝန်ထမ်း Kang Jin Tae နဲ့ ထပ်မံပူးပေါင်းခဲ့ပါတယ်။

နောက်ဆက်တွဲမှာ ပါဝင်သရုပ်ဆောင်မယ့် မင်းသားတွေကတော့  Daniel Henney, Jin Sun Kyu နဲ့ Jang Young Nam တို့ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ Teaser နဲ့ ရုပ်ပုံများမှာ Hyunbin ရဲ့ ပထမ ဇာတ်ကားထက် ပြင်းထန်တဲ့ ဆွဲဆောင်မှုတွေနဲ့ စိတ်ဓာတ်ခိုင်မာမှု၊ ရဲရင့်တဲ့ လုပ်ဆောင်ချက်တွေကို မြင်တွေ့သွားရမှာပါ။

ဒါကြောင့် Hyun Bin က “Confidential Assignment 2” မှာ “Rim Chul Ryung” ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဇာတ်ရုပ်ကို ပရိသတ်တွေအတွက် အကောင်းဆုံး ချပြသွားပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *