သဘာဝဘေးအန္တရာယ် ဇာတ်ကားမှာ တွဲဖက်သွားကြမယ့် Kim Da Mi နဲ့ Park Hae Soo

Kim Da Mi နဲ့ Park Hae Soo တို့သည် သိပ္ပံ/ဘေးအန္တရာယ် ရုပ်ရှင်မှာ အဓိက ဇာတ်ဆောင်တွေအဖြစ် တွဲဖက် သရုပ်ဆောင်သွားကြမယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂ ရက်နေ့မှာ Netflix က Kim Da Mi နဲ့ Park Hae Soo တို့ဟာ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ Kim Byung Woo ရဲ့ မူရင်းရုပ်ရှင် “Great Flood” မှာ အဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်သွားကြမယ်လို့ အတည်ပြုခဲ့ပါတယ်။
“Great Flood” ဟာ ဆိုးရွားတဲ့ ရေကြီးမှုပြီးနောက် ရေမြုပ်နေတဲ့ တိုက်ခန်းတစ်ခုမှာ ဒုက္ခရောက်သူတွေကို ကယ်တင်ဖို့ ကြိုးပမ်းနေသူများရဲ့ ရုန်းကန်မှု ပုံရိပ်တွေကို သရုပ်ဖော်ထားသည့် သိပ္ပံ/ကပ်ဘေး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
“Terror Live” နဲ့အတူ ပြည်တွင်းရုပ်ရှင်ပွဲတော်တွေမှာ အကောင်းဆုံး ဒါရိုက်တာအသစ် ဆု ရရှိခဲ့တဲ့ ဒါရိုက်တာ Kim Byung Woo က ရိုက်ကူးမှာဖြစ်တာကြောင့် ကြည့်ရှုသူတွေရဲ့ မျှော်လင့်ခြင်းကို မြင့်တက်စေခဲ့ပါတယ်။
ဒါ့အပြင် အဓိက ဇာတ်ဆောင်တွေကလည်း ပြိုင်ဘက်ကင်း အသွင်အပြင်နဲ့ ခိုင်မာတဲ့ သရုပ်ဆောင် စွမ်းရည်တွေရှိတာကြောင့် Kim Da Mi နဲ့ Park Hae Soo တို့ရဲ့ ပေါင်းစပ်မှုဟာ “Great Flood” အတွက် စိတ်လှုပ်ရှားစရာတွေကို ဆောင်ကျဥ်းပေးနိုင်ခဲ့ပါတယ်။