ကွာရှင်းဖို့နီးစပ်ခဲ့ပေမဲ့ ရှေ့ဆက်ဖို့ကိုပဲ ဆက်လက်ဆုံးဖြတ်ခဲ့တဲ့ Jun Jin Hyun နဲ့ သူမခင်ပွန်းတို့ရဲ့ ချစ်ဇာတ်လမ်း

ကွာရှင်းဖို့နီးစပ်ခဲ့ပေမဲ့ ရှေ့ဆက်ဖို့ကိုပဲ ဆက်လက်ဆုံးဖြတ်ခဲ့တဲ့ Jun Jin Hyun နဲ့ သူမခင်ပွန်းတို့ရဲ့ ချစ်ဇာတ်လမ်း

ယခုအချိန်အထိ ထိပ်တန်းမင်းသမီး Jun Ji Hyun သည် ခင်ပွန်းဖြစ်သူ Choi Joon Hyuk တို့ဟာ ၉ နှစ်ကျော် အကြာ အိမ်ထောင်သက်တမ်းကို ပိုင်ဆိုင်ခားခဲ့ပြီး သားချောလေးနှစ်ဦးကိုလည်း မိသားစုဘဝထဲကို ခေါ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Jun Ji Hyun ရဲ့ ခင်ပွန်းကို ကြည့်မယ်ဆိုရင်လည်း တောင်ကိုရီးယားရဲ့ အကျော်ကြားဆုံး ဆွေတော်မျိုးတော်မိသားစုထဲက သားတစ်ယောက်လည်း ဖြစ်တာကြောင့် ငွေသား ဒေါ်လာသန်းရာနဲ့ချီတန်တဲ့ နိုင်ငံတကာဘဏ်ကိုလည်း လက်ဝယ် ပိုင်ဆိုင်ထားပါသေးတယ်။

အံ့သြစရာကောင်းတာက သူတို့စုံတွဲဟာ ငယ်စဉ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ဖူးကြပြီး ကြီးပြင်းလာချိန်မှာတော့ သူတို့ရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင် ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက်နဲ့ လမ်းခွဲလိုက်ကြရပါတယ်။

ဒါပေမဲ့လည်း အချစ်စစ်တို့ရဲ့ လမ်းအတိုင်းပဲ တစ်နေ့မှာတော့ အရင်ကလို ပြန်ဆုံစည်းခွင့် ရလာခဲ့ပြန်ပါတော့တယ်။ ဒီပြန်လည်ဆုံစည်းမှုက Jun Ji Hyun တစ်ယောက် ဖျားနာနေချိန်မှာ သူ့ခင်ပွန်းက ပြုစု စောင့်ရှောက်ပေးရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုရင်းနှီးလာစေခဲ့ရာမှ အစပြုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Choi Joon Hyun က မင်းသမီးကို နောက်တစ်ကြိမ် ချစ်ခွင့်ပန်ခဲ့ပါတော့တယ်။ ဒီတစ်ခါမှာလည်း Jun Ji Hyun က ခေါင်းငြိမ့်ပေးခဲ့ပြီး ငယ်ချစ်တွေရဲ့ ပြန်စုံဆည်းမှုဟာ ချစ်သူတွေအဖြစ် ၂ နှစ်ကြာအောင် လက်တွဲခဲ့ကြပြီး ၂၀၁၂ မှာတော့ လက်ထပ်ရင်း မိသားစုဘဝကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။

ဒီလိုနဲ့ Jun Ji Hyun တို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ လှပနှစ်လိုဖွယ်ရာ အဆုံးသတ်နိုင်ခဲ့တာပါ။ အိမ်ထောင်သက်တမ်းမှာလည်း နှစ်ဦးသား ကွာရှင်းပြတ်ဆဲဖို့အထိ ရန်ဖြစ်၊ စကားများတာမျိုးတွေ ကြုံတွေ့ခဲ့ကြပေမဲ့ ငယ်ချစ်သံယောစဥ်ကို လွန်ဆန်နိုင်ဖို့ရာ မဖြစ်နိုင်တာကြောင့် ရှေ့ဆက်လက်တွဲတွေ ခိုင်မြဲဖို့ကိုသာ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။

Leave a Reply

Your email address will not be published.