အိမ်ထောင်သက် တစ်လမပြည့်သေးခင်မှာပဲ အိမ်ထောင်ပြိုကွဲမယ်လို့ ဟောကိန်းထုတ်ခံလိုက်ရတဲ့ Weir-Vikki ဇနီးမောင်နှံ

အိမ်ထောင်သက် တစ်လမပြည့်သေးခင်မှာပဲ အိမ်ထောင်ပြိုကွဲမယ်လို့ ဟောကိန်းထုတ်ခံလိုက်ရတဲ့ Weir-Vikki ဇနီးမောင်နှံ

ကြင်စဦး လင်မယားလေးဖြစ်ကြတဲ့ Weir နဲ့ Vikki တို့ဟာ အိမ်ထောင်သက် တစ်လမပြည့်ကြသေးပါဘူး။ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေး အခြေအနေဟာလည်း လူအများက စောင့်ကြည့်နေကြတာမလို့ Weir တစ်ယောက်ဟာလည်း ချစ်ဇနီးကို နွေးထွေးတဲ့ အပြုံးနဲ့ ချစ်ခြင်းတွေကို ပျော်ရွှင်စွာ ပြသထားတာကို တွေ့ရပါတယ်။

အံ့သြစရာ အကောင်းဆုံးကတော့ မကြာသေးမီကပဲ မင်းသား Weir Sukollawat နဲ့ ဇနီးဖြစ်သူ လက်ထပ်ပြီး တစ်လမပြည့်ခင်မှာ နာမည်ကြီး ဗေဒင်ဆရာ တစ်ယောက်နဲ့ သွားရောက် ဆုံတွေ့ခဲ့ပြီး အိမ်ထောင်ရေးရဲ့ အနာဂတ်ကို ဟောကိန်းထုတ်ခံခဲ့ရတယ်လို့ ဇနီးသည် Vikki က ဆိုလာခဲ့ပါတယ်။

ထိုင်းတို့ရဲ့ ဗေဒင်ရိုးရားအရ မွေးဂဏာန်းများနဲ့ ဟောကိန်းထုတ်ခဲ့သူ ဗေဒင်ဆရာကတော့ “ပဋိပက္ခဖြစ်စေနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်။ ဒါကြောင့် မင်းတို့ အတူတူ ပေါင်းစည်းဖို့ ကြိုးစားရမယ်။ မဟုတ်ရင် အဲဒီ ပဋိပက္ခလေးတွေက အနာဂတ်မှာ ယုံကြည်မှု ကင်းမဲ့သွားလိမ့်မယ်”

“မင်းတို့ နှစ်ယောက်ဟာ လမ်းခွဲ ကွဲကွာ သွားစေနိုင်တဲ့ သက်ရောက်မှုခြင်း အတူတူ ပိုင်ဆိုင်ထားပါတယ်။ အိမ်ထောင် ပြိုကွဲဖို့ ရာခိုင်နှုန်းများတယ် ” လို့ ဟောကိန်းထုတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် မင်းသား Weir ဟာ ချစ်စရာကောင်းပြီး မိန်းမတွေကို အစွဲအလမ်းကြီးအောင် လုပ်နိုင်တဲ့သူ တစ်ယောက်ဖြစ်တာကြောင့် ပြဿနာမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ရှောင်ရမယ်လို့လည်း သတိပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ နာမည်ကြီး ဗေဒင်ဆရာက မင်းတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အဆင်မပြေဖြစ်အောင် မနှိုးဆော်ချင်ပေမယ့် မင်းတို့ ဇနီးမောင်နှံကို ပိုသတိထားစေချင်တယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.