ရိုက်ကူးရေးမှာ မျက်နှာကိုထိခိုက်မိလို့ အရေးပေါ်ကုသနေရတဲ့ Han So Hee

သြဂုတ်လ ၃ ရက်နေ့မှာတော့ Han So Hee ရဲ့ အေဂျင်စီ 9ato Entertainment က “Han So Hee ဟာ ‘Gyeongseong Creature’ ဒရာမာအတွက် အက်ရှင်ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးနေရင်း မျက်နှာမှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုလာခဲ့ပါတယ်။

“လောလောဆယ်တော့ အရေးပေါ် ကုသမှု ခံယူနေပါတယ်။ ကံကောင်းထောက်မစွာပဲ ဒဏ်ရာက အသေးအဖွဲပါ။ ခွဲစိတ်မှု မလိုအပ်ပါဘူး” လို့ ထုတ်ပြန်လာခဲ့တာပါ။

အေဂျင်စီက “ဒီဇာတ်ဝင်ခန်းတွေမှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မပါဝင်ပါဘူး။ Han So Hee ဟာ သူမရဲ့ ခန္ဓာကိုယ်ကို သဘာဝအတိုင်း အသုံးပြုနေချိန်မှာပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းမှာ ပါဝင်တဲ့ အဖွဲ့သားတွေအားလုံးက မျက်နှာမှာ ဒဏ်ရာ အမာရွတ်တွေ ကျန်ရစ်နိုင်တာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။”

“ဒါကြောင့် Hee ကို ခေတ္တ အနားယူခိုင်းဖို့ ဆုံးဖြတ်ထားပြီး သူမအနေနဲ့ ရိုက်ကူးရေးတွေ ချက်ချင်းပြန်စနိုင်တော့မှာ မဟုတ်ပါဘူး။ ရုပ်ရှင်မပြန်ခင် အချိန်တိုအတွင်း အနားယူဖို့ စီစဉ်ထားပါတယ်။” လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

‘Gyeongseong Creature’ ဟာ မင်းသမီး Han So Hwee နဲ့ ထိပ်တန်းမင်းသား Park Seo Joon တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ၁၉၄၅ ကာလက Gyeongseong မှာ မွေးဖွားလာတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို တိုက်ခိုက်တဲ့ လူငယ်များရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *