Lee Min Ho, BTS’s Jin စတဲ့ နာမည်ကျော်များစွာ တက်ရောက်ခဲ့ကြတဲ့ Lee Jung Jae နဲ့ Jung Woo Sung တို့ရဲ့ ရုပ်ရှင်သစ်ဖွင့်ပွဲ

သြဂုတ်လ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ Lee Jung Jae နဲ့ Jung Woo Sung တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “Hunt” ရုပ်ရှင်ဖွင့်ပွဲအတွက် နာမည်ကျော် အနုပညာရှင်များစွာက တက်ရောက်ခဲ့ကြပါတယ်။

ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ Lee Jung Hae နဲ့ Jung Woo Sung တို့ဟာ BTS အဖွဲ့ဝင် Jin, Lee Min Ho, Kim Soo Hyun, “Squid Game” သရုပ်ဆောင်တွေအပြင် အခြား ကြယ်ပွင့်တွေနဲ့အတူ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Hunt” ရုပ်ရှင်ဟာ မြောက်ကိုရီးယား သူလျှို တာဝန်ယူထားသူကို လိုက်ဖမ်းစဉ် ထိတ်လန့်ဖွယ် အမှန်တရားတစ်ခုကို ဖော်ထုတ်ခဲ့တဲ့ အမျိုးသားထောက်လှမ်းရေးဌာန (NIS) အေးဂျင့်နှစ်ဦးရဲ့ ဇာတ်လမ်းကို ပြောပြထားပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Lee Jung Jae က ရိုက်ကူးထားသလို သူကိုယ်တိုက်ကလည်း အေးဂျင့် Park Pyung Ho အဖြစ် သရုပ်ဆောင်ထားပြီး Jung Woo Sung က Kim Jung Do, Park Pyung Ho ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ပြိုင်ဘက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

“Hunt” ကို ညသန်းခေါင်ယံပြကွက်အမျိုးအစားအဖြစ် ၇၅ ကြိမ်မြောက် Cannes ရုပ်ရှင်ပွဲတော်မှာ ပထမဆုံး ပြသခဲ့ပြီး ဒီဇာတ်ကားဟာ ဩဂုတ်လ ၁၀ ရက်နေ့မှ စလို့ ကမ္ဘာ့နိုင်ငံ အများအပြားမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *