Jessica ပွဲဦးထွက်ရမယ့် အဖွဲ့မှာ လက်ရှိသူမချစ်သူရဲ့ ရည်းစားဟောင်း ပါဝင်လို့နေ

ဩဂုတ်လ ၂ ရက်နေ့က Sina Entertainment အပါအဝင် ပြည်တွင်းရှိ တရုတ်မီဒီယာ အများအပြားဟာ Idol တွေ ပွဲဦးထွက်အတွက် ပြင်ဆင်ပေးတဲ့ ပြိုင်ပွဲ ” Sisters Who Make Waves 3 ” ရဲ့ နောက်ဆုံးအဆင့် အောင်မြင်နိုင်သူများကို ခန့်မှန်း ထုတ်ပြန်ခဲ့ကြပါတယ်။

ပြိုင်ပွဲက တရုတ်အမျိုးသမီး အများစုဟာလည်း ဝါရင့် တရုတ်ဖျော်ဖြေရေးနယ်ပယ်မှ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ အဲဒီသတင်းတွေအရ SNSD အဖွဲ့ဝင်ဟောင်း Jessica ဟာ ပွဲဦးထွက် အစီအစဥ်မှာ ပါဝင်နေပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ရလဒ်များကို တိုက်ရိုက်ကြည့်ရှုသူများထံမှ ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ( ရုပ်မြင်သံကြားမှ ပြသခြင်းမရှိသေးတာကြောင့်) နောက်ဆုံးစာရင်းမှာ ပါဝင်လာနိုင်ချေရှိသူတွေကတော့ Sitar Tan, Gillian Chung, Charlene Choi, Fiona Sit, Amber Kuo, Tang Shiyi နဲ့ Zhang Tian Ai တို့ဖြစ်ကြပါတယ်။

သူတို့တွေထဲက တစ်ဦးဖြစ်တဲ့ Gillian Chung အမည်ရှိ အမျိုးသမီးကတော့ Jessica ရဲ့ လက်ရှိချစ်သူ Tyler Kwon ရဲ့ ချစ်သူဟောင်းအဖြစ် လူသိများပါတယ်။

ဒါကိုမြင်ပြီးနောက်မှာတော့ လူတော်တော်များများက တကယ့်ကို အံ့အားသင့်ခဲ့ကြပြီး Jessica နဲ့ Gillian တို့ရဲ့ ဆက်ဆံရေးကို သူတို့တစ်ဖွဲ့တည်းမှာ ရှိနေချိန်မှာ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ရဖို့ စိတ်ဝင်တစား စောင့်ကြည့်လို့နေကြပါပြီ။

Leave a Reply

Your email address will not be published.