ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ Daddy Hyun Bin ရဲ့ အသက် ၄၀ အရွယ် ချောမောမှုတွေ

Bin-Jin တို့ ဇနီးမောင်နှံကတော့ မတ်လ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သူတို့စုံတွဲရဲ့ မင်္ဂလာပွဲအား လူသိရှင်ကြား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြရင်း အာရှရဲ့ အထင်ရှားဆုံး မင်္ဂလာပွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ထပ်ပြီးတဲ့ အချိန်အထိ သူတို့စုံတွဲဟာ အချိုမြိန်ဆုံးနဲ့ အနွေးထွေးဆုံး လှုပ်ရှားမှုတွေကို လူသိရှင်ကြား မကြာခဏ ပြသထားပြီး အထူးသဖြင့် သားဦးလေးကို ကိုယ်ဝန်ရှိနေပြီလို့ Son Ye Jin က ကြေညာခဲ့ချိန်မှာတော့ Bin-Jin တို့ဟာ လူအများရဲ့ စိတ်ဝင်စားမှုကို ပိုခံယူခဲ့ရပါတော့တယ်။

မကြာသေးမီက Hyun Bin ရဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီ VAST Entertainment က မင်းသားရဲ့ ကြော်ငြာတစ်ခုရဲ့ နောက်ကွယ်မှ ဓာတ်ပုံများကို ထုတ်ဖော်ပြသသွားခဲ့ပါတယ်။

Son Ye Jin ရဲ့ ခင်ပွန်းဟာ ပရိုမိုးရှင်းဓာတ်ပုံ ရိုက်ကူးပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ အသက် ၄၀ အရွယ် ယောက်ျားပီသတဲ့ ချောမောမှုတွေကို အတိုင်းသား တွေ့မြင်ခဲ့ရတာပါ။

Hyun Bin ရဲ့ ဒီဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ရေပန်းစားနေပြီး လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့ပါတယ်။ “Husband material” လို့ တင်စားရမယ့် Daddy Hyun Bin ကတော့ ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကြောင့် ပရိသတ်တွေကို ရူးခါစေခဲ့လို့ပါပဲ။

Leave a Reply

Your email address will not be published.