Superman Return က Sarang နဲ့ Jaesi တို့ပါဝင်မယ့် ခရီးသွားရှိုးအသစ်

tvN STORY ရဲ့ ရသစုံလင်ရှိုးအသစ် ‘Dad, Follow Me’ ရှိုးမှာ အရင်က Return of Superman မှာ ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ရတဲ့ Sarang လေးလည်း ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီရှိုးမှာ Yoon Minsoo နဲ့ သားဖြစ်သူ Yoon Hoo၊ Lee Jonghyuk နဲ့ Lee Junsu, Choo Sunghoon နဲ့ Choo Sarang တို့အပြင် Lee Dongguk နဲ့ Lee Jaesi တို့က အဖွဲ့ဝင်တွေအဖြစ် ပါဝင်တင်ဆက်သွားကြမှာ ဖြစ်ပါတယ်။

‘Dad, Follow Me’ ရှိုးဟာ ‘Dad! Where Are We Going?’ နဲ့ ‘Superman is Back’ အစီအစဉ်တို့မှာ first generation အဖြစ် ပထမဆုံး ပါဝင်ခဲ့ကြပြီး တစ်နိုင်ငံလုံးက ချစ်ခင်ကြတဲ့ ကလေးငယ်တွေက သူတို့ရဲ့ ဖခင်တွေအတွက် ခရီးတစ်ခုစီစဉ်ပေးတာကို ရိုက်ကူးတင်ဆက်မယ့် reality ရှိုးတစ်ခုလည်း ဖြစ်ပါတယ်။

‘Dad! Where Are We Going?’ ကို ထုတ်လုပ်တဲ့ ပရိုဂျူဆာ Jeon Sungho ကပဲ ဒီအစီအစဉ်ကို ဖန်တီးထုတ်လုပ်သွားမှာပါ။

“ငယ်ငယ်လေးတုန်းကလို အဖေ့နောက်လိုက်ပြီး သွားခဲ့ရတဲ့ ခရီးတွေနဲ့ မတူတော့ဘူး။ အခုက သူတို့က ဆယ်ကျော်သက်တွေအဖြစ် ရုပ်ပိုင်းအရရော စိတ်ပိုင်းဆိုင်ရာအရပါ ကြီးပြင်းလာကြပြီ။ ဒီတော့ အဖေတွေနဲ့ အတူသွားမယ့် ခရီးက သူတို့တွေ တစ်ယောက်နဲ့တစ်ယောက်ပိုပြီး ရင်းနှီးပွင့်လင်းလာအောင် ကူညီပေးပါလိမ့်မယ်။ သားနဲ့ သမီးတွေက အဖေတွေအတွက် ခရီးစီစဉ်ပြီး ကလေးတွေနဲ့ ဖခင်တွေ ခရီးအတူသွားကြတာကို စောင့်မျှော်ရှုစားပေးကြပါ”လို့ ပီဒီကပြောပါတယ်။

ဒီအစီအစဉ်မှာပါဝင်မယ့် Yoon Hoo နဲ့ Junsu တို့ကတော့ အခုဆိုရင် အသက် ၁၆ နှစ် နှင့် ၁၅ နှစ်အသီးအသီး ရှိကြပါပြီ။ Lee Dongguk ရဲ့ အကြီးဆုံး သမီးလေး Jaesi ကတော့ YouTuber တစ်ယောက်ဖြစ်ပြီး မော်ဒယ်အဖြစ်လည်း လှုပ်ရှားနေသူလေး ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ပရိသတ်တွေကတော့ Choo Sarang ရဲ့ပါဝင်မှုကို မျှော်လင့်စောင့်စားနေကြတာ ဖြစ်ပါတယ်။ ‘The Return of Superman’ ကနေ ထွက်ခွာပြီးကတည်းက ဖန်သားပြင်ထက်မှာ သိပ်မတွေ့ရတော့တဲ့ ဆာရန်းလေးကို ပရိသတ်တွေက လွမ်းဆွတ်အောက်မေ့နေကြတာပါ။

‘Dad, Follow Me’ ပထမဦးဆုံးအပိုင်းကိုတော့ စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Soya

Leave a Reply

Your email address will not be published.