Cartier ပွဲမှာ တန်ကြေးမြင့် လက်ဝတ်ရတနာတွေနဲ့ မြင်တွေ့ခဲ့ရတဲ့ Jackson Wang

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာတော့ နာမည်ကြီး ပြင်သစ် စိန်တံဆိပ် Cartier က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ခမ်းနားလှတဲ့ ဖွင့်ပွဲ အခမ်းအနားကြီးကို ကျင်းပသွားခဲ့ပြီး Jackson Wang နဲ့အတူ နာမည်ကျော် ထိုင်းအနုပညာရှင်များစွာက ပွဲတက်ခဲ့ကြပါတယ်။

ဖွင့်ပွဲမှာတော့ Jackson က အနက်ရောင် ကုတ်အင်္ကျီကို ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားခဲ့ပေမဲ့ တန်မိုးကြီးမားလှတဲ့ လက်ဝတ်ရတနာတွေနဲ့ တွဲဖက်ဝတ်ဆင်ထားခဲ့တာကြောင့် အခြားသော ကြယ်ပွင့်တွေထက် ပေါ်လွင်နေတာကို တွေ့မြင်ခဲ့ရတာပါ။

တကယ်တော့ Jackson ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေရဲ့ တန်ဖိုးတွေဟာ ကမ္ဘာပတ် ခရီးထွက်လို့ရတဲ့ တန်ကြေးရှိပြီး ထိုင်းမှာဆိုရင် ဇိမ်ခံအိမ်တစ်လုံးကို အပိုင်ဝယ်လိုက်လို့ရတဲ့ တန်ကြေးရှိလို့နေပါတယ်။

အစ်ကိုဝမ်ရဲ့ လက်ဝတ်ရတနာ တန်ဖိုးတွေကို ဖော်ပြရမယ်ဆိုရင်တော့ –

– Cartier Necklace တန်ဖိုး 525,000 ဘတ် ($14,500 ခန့်)
– Cartier Bracelet တန်ဖိုး 740,000 ဘတ် ($ 20,440 ခန့်)
– Cartier Love Wedding Band တန်ဖိုး 40,200 ဘတ် ($ 1,100 ခန့်)

– Cartier Love Ring တန်ဖိုး 62,500 ဘတ် ($ 1,700 ခန့်)
– Pasha De Cartier Watch တန်ဖိုး 700,000 ဘတ် ($ 19,330 ခန့်)

ရှိလို့နေတာကြောင့် စုစုပေါင်း တန်ဖိုးကို တွက်ကြည့်လိုက်ရင် အမေရိကန် ဒေါ်လာ ၅၇,၀၈၀ ခန့် တန်ကြေးရှိပါတယ်။

Leave a Reply

Your email address will not be published.