“ငါ့ကို ကြိုက်သလိုပြောပါ၊ ငါ့ပရိသတ်တွေတော့ မထိနဲ့” လို့ ဝေဖန်သူတွေကို တုန့်ပြန်လိုက်တဲ့ Jay Park

“ငါ့ကို ကြိုက်သလိုပြောပါ၊ ငါ့ပရိသတ်တွေတော့ မထိနဲ့” လို့ ဝေဖန်သူတွေကို တုန့်ပြန်လိုက်တဲ့ Jay Park

Jay Park ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်ရှိ “MIK Festival 2022” မှာ သူ့ရဲ့ ဖျော်ဖြေပွဲအပြီး ဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုများကို တိုက်ရိုက် ဖြေရှင်းသွားခဲ့ပါတယ်။

သြဂုတ်လ ၃ ရက် နေ့က Jay Park ဟာ သူ့ရဲ့ SNS မှ“London was awesome and yes I shouted out Dua Lipa cause we in the UK haha” ဟူသော စာတန်းဖြင့် ဖျော်ဖြေပွဲက ဗီဒီယိုတစ်ခုကို တင်ခဲ့ရာမှာ အငြင်းပွားမှုတွေ ကြုံတွေ့ခဲ့ရတာပါ။

“ကျွန်တော့်ကို မုန်းတီးတဲ့သူများမှန်း သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပရိသတ်တွေကို မမုန်းပါနဲ့။ ငါ့ကို ဘယ်လောက်မုန်းကြောင်း ပြောင်ပြောင်တင်းတင်း ပြောနိုင်ပါတယ်။ ငါ့ပရိသတ်တွေကိုတော့ မထိပါးလာပါနဲ့” လို့ ရေးသားသွားခဲ့တာပါ။

ဆက်လက်ပြီး Jay Park က “ကျွန်တော့်ကို မုန်းသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပြီး တစ်ဖန်ပြန်ပြီး ကျေးဇူးတင်ပါတယ် လန်ဒန်” လို့ သူ့ပို့စ်လေးကို အဆုံးသတ်ထားခဲ့ပါတယ်။

Jay Park က “MIK Festival 2022” က ဖျော်ဖြေပွဲအတွင်း ဗြိတိန်အဆိုတော် Dua Lipa ကို ပြောကြားခဲ့ရာက စလို့ အငြင်းပွားမှုတွေ စတင်ခဲ့တာပါ။

ပတ်ဝန်းကျင် ဆူညံသံကြောင့် ထိုအချိန်က Jay Park သည် ပရိသတ်တစ်ဦးရဲ့ စကားသံကို မကြားခဲ့ရတာကြောင့် အဆိုပါအပိုင်းရဲ့ ဗီဒီယိုကို SNS တွင် တင်ခဲ့ရာမှာလည်း နိုင်ငံရပ်ခြားက အင်တာနက်သုံးစွဲသူတစ်ယောက်က “Park Jae-beom ယာ လူမည်းများနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံခဲ့တာ” လို့ ဆိုထားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published.