အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက် လျာထားခံရတဲ့ မင်းသမီးများ

ယခုနှစ်အတွက် ’13th Nataraj Awards’ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် လျာထားခံရတဲ့ မင်းသမီးတွေကို ထုတ်ဖော်ကြေညာလိုက်ပါပြီ။

Mai Davika (ONE 31)

ဆန်ကာတင်မှာ ပါဝင်လာတဲ့ ပထမဦးဆုံး မင်းသမီးလေးကတော့ Mai Davika ပဲ ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်အများ နှစ်သက်အားပေးခဲ့တဲ့ “Wanthong” ဇာတ်ကားနဲ့ သူမက အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးအဖြစ် လျာထားခံခဲ့ရတာ ဖြစ်ပါတယ်။

Nune Woranuch (ONE 31)

အကောင်းဆုံး ဇာတ်ဆောင်မင်းသမီး ဆုအတွက် ဆန်ကာတင်မှာ ပါဝင်လာသူ နောက်တစ်ဦးကတော့ မင်းသမီး Nune Woranuch ပါ။ Nune က “Krachao See Da” ဇာတ်ကားထဲက ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဒီဆုအတွက် လျာထားခြင်းခံရတာ ဖြစ်ပါတယ်။

Pinky Savika (PPTV)

သရုပ်ဆောင်တော်တဲ့ မင်းသမီးချောလေး Pinky Savika ကလည်း ဆန်ကာတင်စာရင်းထဲကို “Luang Kah Lah Ruk” ဇာတ်ကားနဲ့ ပါဝင်လာခဲ့ပါတယ်။ ဒီကားလေးကြည့်ဖူးရင်တော့ သူမရဲ့ သရုပ်ဆောင်မှုတွေက ဆန်ကာတင်မှာ ပါဝင်ဖို့ ထိုက်တန်တယ်ဆိုတာ လက်ခံမှာအသေအချာပါပဲ။

Yui Chiranan (Amarin TV)

မင်းသမီး Yui Chiranan ကလည်း အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် “Tawan Tok Din” ဇာတ်ကားနဲ့အတူ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ်။

Now Tisanart (CH7)

13th Nataraj Awards ဆုပေးပွဲရဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ နောက်ဆုံးမင်းသမီးကတော့ Now Tisanart ပါပဲ။ “Mae Bia” ဇာတ်ကားမှာ မြင်တွေ့ရတဲ့ သူမရဲ့ကျွမ်းကျင်ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေက ဒီစာရင်းထဲကို ခေါ်ယူလာခဲ့တာပဲ ဖြစ်ပါတယ်။

Soya

Leave a Reply

Your email address will not be published.