ရိုက်ကူးရေးစတင်ခဲ့ပြီဖြစ်တဲ့ Lee Seung Gi နဲ့ Lee Se Young တို့ရဲ့ Drama သစ်

ရိုက်ကူးရေးစတင်ခဲ့ပြီဖြစ်တဲ့ Lee Seung Gi နဲ့ Lee Se Young တို့ရဲ့ Drama သစ်

KBS ကတော့ Lee Seung Gi နဲ့ Lee Se Young တို့ရဲ့ ပထမဆုံး “Love according to the Law” (literal title) ရိုက်ကူးရေး ဗီဒီယိုကို မျှဝေထားခဲ့ပါတယ်။

နာမည်တူ ဝဘ်ဝတ္ထုကို အခြေခံပြီး “Love according to the Law” ဟာ ဥာဏ်ကြီးရှင် အစိုးရရှေ့နေဟောင်း လစ်ဘရတ်ပိုင်ပိုင်ရှင် ကင်ဂျုံဟို (Lee Seung Gi) နဲ့ Kim Yu Ri (Lee Seung Gi) တို့အကြောင်း အချစ်ဟာသ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က နာမည်ကြီးဒရာမာ “Hwayugi” မှာ အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Lee Seung Gi နဲ့ Lee Se Young တို့ ပြန်လည်ဆုံစည်းခဲ့ခြင်း ဖြစ်တာမလို့လည်း ပရိသတ်တွေက ဒီအတွဲကို စိတ်ဝင်တစား စောင့်ကြည့်လို့နေကြပါတယ်။

အဆိုပါ video ဟာ သူတို့ရဲ့ ပထမဆုံးရိုက်ကူးမှုအတွက် ထွက်ရှိလာတဲ့ video လေးဖြစ်ပြီး ဧပြီလရဲ့ နေသာတဲ့ နွေဦးနေ့ရက်လေးတွေဆီသို့ ပြန်လည်ရောက်ရှိစေမယ့် ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

နှစ်ယောက်သား နှစ်တွေကြာမှ ပရောဂျက်အသစ်အတွက် ပထမဆုံး တွေ့ဆုံမှုဖြစ်တာနဲ့အညီ Lee Seung Gi နဲ့ Lee Se Young တို့ဟာ အစပိုင်းမှာထဲက သူတို့ရဲ့ဇာတ်ရပ်တွေကို သေချာအားထုတ်ပြီး ကြိုးစားခဲ့ကြပါတယ်။

သူတို့ရဲ့ ပထမဆုံး ရိုက်ကွင်းအပြီးမှာတော့ Lee Seung Gi က “ဒီနေ့ ငါတို့ရဲ့ ပထမဆုံးရိုက်ကူးမှုက အရမ်းကောင်းပါတယ်” လို့ ရှက်ရွံ့စွာ မှတ်ချက်ပေးခဲ့ပြီး Lee Se Young က “ဟုတ်တယ်၊ ပျော်ဖို့ကောင်းလိုက်တာ” လို့ မြန်မြန်ဆန်ဆန် ထပ်ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *